❝ နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေသူများအတွက် ပုံမှန်ရရှိနေနိုင်မယ့် ဝင်ငွေအမျိုးအစားများ ❞
(ဖတ်ရန်ကြာချိန် - ၂မိနစ်)
နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ဖို့ စီစဉ်နေသူတွေအတွက် တည်ငြိမ်ပြီး ပုံမှန်ဝင်နိုင်မယ့် ဝင်ငွေစီးလမ်းကြောင်းတွေရှိထားဖို့ဆိုတာ တကယ်အရေးကြီးပါတယ်။ ဒါဟာ ဘဏ္ဍာရေးဆိုင်ရာမှာ တည်ငြိမ်မှုရရှိဖို့အထောက်အကူဖြစ်စေပြီး နိုင်ငံခြားမှာလူတန်းစေ့နေထိုင်နိုင်ဖို့ လိုအပ်တဲ့ ဝင်ငွေကိုလည်း တစ်နည်းရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဒီနေ့ဆောင်းပါးမှာ ပြောပြပေးသွားမှာကတော့ တည်ငြိမ်ပြီး ပုံမှန်ရနေနိုင်မယ့် ဝင်ငွေအမျိုးအစားတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
✅ Remote အလုပ်များမှ ရရှိနိုင်မယ့်ဝင်ငွေ
တည်ငြိမ်တဲ့ တရားဝင်ကုမ္ပဏီ/အဖွဲ့အစည်းမှ အချိန်ပြည့်အလုပ်များ၊ လစဉ်ပုံမှန်လစာရရှိတဲ့အလုပ်တွေမှ ရနိုင်မယ့် ပုံမှန်ဝင်ငွေတွေကိုဆိုလိုပါတယ်။
Remote Job တွေဟာ နည်းပညာ၊ ဘဏ္ဍာရေး၊ Marketing နဲ့၊ Design စတဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ သင့်တော်ပါတယ်။
✅ ရင်းနှီးမြှုပ်နှံမှုဝင်ငွေ (Investment Income)
ဒီဝင်ငွေထဲမှာတော့ -
- Stocks သို့ Mutual Funds များမှ ရရှိတဲ့ အမြတ်ငွေ (Dividends)
- Bonds သို့ Fixed deposits များမှ ရရှိတဲ့အတိုးဝင်ငွေများ။
- အိမ်ခြံမြေငှါးရမ်းခြင်းမှ ရရှိတဲ့ဝင်ငွေများ။
- ပုံမှန်ရနေနိုင်မယ့် Capital Gains များပါဝင်ပါတယ်။
ဒီဝင်ငွေမျိုးဟာ ရင်းနှီးမြှုပ်နှံသူတွေ၊ အငြိမ်းစားယူထားသူတွေနဲ့ ငွေကြေးအမှီအခိုကင်းသူများနဲ့ သင့်တော်ပါတယ်။
✅ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းမှ ရရှိနိုင်မယ့်ဝင်ငွေ
(Business Ownership/Self-Employed Income)
တည်နေရာအတည်တကျမရှိတဲ့ လုပ်ငန်းတွေကို ပိုင်ဆိုင်ခြင်းမှ ရရှိနိုင်မယ့်ဝင်ငွေများ (ဥပမာ - E commerce, consulting နဲ့ Digital ဝန်ဆောင်မှုများ) ကိုဆိုလိုပါတယ်။ ဒါပေမယ့်လုပ်ငန်းဟာ ပုံမှန်လည်ပတ်ပြီး စာရွက်စာတမ်းအပြည့်အစုံရှိဖို့လိုပါတယ်။ (ဥပမာ - ဘဏ်စာရင်း၊ ငွေတောင်းခံလွှာများ…)
ဒီလိုလုပ်ငန်းမျိုးတွေဟာ စီးပွားရေးလုပ်ငန်းရှင်များ၊ Freelancer များနဲ့ Consultant များနဲ့သင့်တော်ပါတယ်။
✅ ပင်စင်နှင့်အငြိမ်းစားဝင်ငွေ
(Pension or Retirement Income)
ဒီဝင်ငွေမျိုးဟာ အစိုးရနဲ့ ပုဂ္ဂလိကမှ ပေးတဲ့ ပင်စင်ငွေများဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ အငြိမ်းစားရန်ပုံငွေများမှ ထုတ်ယူသောငွေများဖြစ်ပါတယ်။
✅ စီမံခန့်ခွဲထားတဲ့ ရင်းနှီးမြှုပ်နှံမှုဝင်ငွေ
(Managed Portfolio Income)
ကျွမ်းကျင်စွာစီမံခန့်ခွဲထားတဲ့ ရင်းနှီးမြှုပ်နှံမှုအကောင့်များမှ ပုံမှန်ထုတ်ယူနိုင်မယ့် ဝင်ငွေတွေဖြစ်ပြီး ဥပဒေနှင့်အညီအတည်ပြုနိုင်မယ့် အထောက်အထားတွေလိုအပ်ပါတယ်။
ဒီဝင်ငွေမျိုးဟာ ငွေကြေးတတ်နိုင်သူများနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် အထူးသင့်တော်ပါတယ်။
✅ Affiliate/Royalties/Passive Digital Income
Affiliate Marketing, ဒီဂျစ်တယ်ထုတ်ကုန်များ၊ မူပိုင်ခွင့်များမှရရှိနိုင်မယ့် ပုံမှန်ဝင်ငွေဖြစ်ပါတယ်။ အဆိုပါဝင်ငွေအနေနဲ့တည်ငြိမ်ပြီး ရေရှည်မှာလည်း ဝင်ငွေပုံမှန်ရရှိနေရပါမယ်။
ဒီအလုပ်မျိုးတွေက Creatorတွေ၊ စာရေးဆရာတွေ၊ Influencers တွေ၊ Online marketer တွေနဲ့ အထူးသင့်တော်ပါတယ်။
အခုဒီစာကို ဖတ်နေတဲ့ မိတ်ဆွေတွေအနေနဲ့ရော ဘယ်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ဖို့စဉ်းစားနေလဲ?
ဘယ်လိုတွေပြင်ဆင်ထားပြီးပြီလဲဆိုတာ comment မှာ ဆွေးနွေးသွားနိုင်ပါတယ်ခင်ဗျာ။
#AungMyoPaing_Paing
#Helping_families_to_build_financial_freedom








