IELTS, DET မရှိသေးပဲ CEFR scaled ဖြစ်တဲ့ English Test တစ်ခုဖြေထားချင်တယ်ဆိုရင် EFSET ကို အခမဲ့ဖြေထားသင့်တယ်။
တစ်ချို့နိုင်ငံတကာအလုပ်တွေ ကျောင်းတွေက အင်္ဂလိပ်စကားကျွမ်းကျင်မှုကိုတောင်းတဲ့အခါ ဒီလက်မှတ်ကိုပြလို့ရတယ်လို့ ပြောကြတယ်။ ကုမ္မဏီတွေ ကျောင်းတွေ အသိအမှတ်ပြုတာ ကွာခြားကောင်းကွာခြားနိုင်ပေမဲ့ ဘာသာစကား Certificate လက်မှတ်တော့ အခမဲ့ရနေတုန်းယူထားပြီး ကိုယ့် level ကိုလည်းဆန်းစစ်ထားသင့်တယ်။
ဖြေမယ်ဆိုရင် -
Certificate ရမဲ့စာမေးပွဲက (၂) မျိုးရှိမယ်။
(၁) 2 Skills ( Reading/Listening ) 50 mins
(၂) 4 Skills (Reading/Listening/Speaking/Writing) 90 mins
Certificate မရပဲ အစမ်းဖြေနိုင်တာက
(၁) Quiz (No Certificate) ဖြစ်ပါတယ်။
ရလာတဲ့ရလဒ်ကို Linkedin Profile မှာလည်း အလွယ်တကူထည့်လို့ရနိုင်ပြီး showcase ပြလို့ရပါတယ်။
ဖြေထားချင်သူတွေက ပုံတစ်ခုချင်းစီမှာကြည့်ပါ။
Website - https://www.efset.org

12March 21, 2026 1.7K 8