@SarHlwar · 2.9K subscribers
ချစ်ရပါသော....ထံသို့
The short link opens the channel straight in the Telegram app — not in a browser tab.
tg.me/go/SarHlwarIs this your channel? Add @tgme as admin — and see how many people click your links. Get the stats →
Channel created September 27, 2023per Telegram
We have been tracking it since August 26, 2026
In all that time the channel has changed neither its name, nor its @username, nor its avatar.
We show only what we have seen ourselves.
11 advertisers placed 32 creatives in this channel · est. CPM $1–5.
ပိုင်ဆိုင်ခွင့်မရှိမှန်း သိပါတယ်။ တချိန်ချိန်မှာ ခွဲခွာရမယ်ဆိုတာလဲ နားလည်ပါတယ်။ ဒါပေမယ့်... ရေစက်ရှိသ၍ တွေ့ခွင့်၊ ဆုံခွင့် မြင်နေ၊ ကြားနေ ခွင့်တော့ အချိန်ရှိသမျှ လိုချင်မိတယ်... ။
ကျနော်ကဗျာမရေးတော့တာလား? ကျနော့်စာတွေထဲပါနေကျ မျက်မှန်နဲ့ကြွက်မလေးကကော? ဘယ်ရောက်သွားသလဲ? အဲဒီကြွက်မလေးကို ကျနော်သိမ်းထားလိုက်တယ်... ကျနော်မရေးဖြစ်တဲ့ နှလုံးသားကဗျာ... ထဲမှာ
ငါတို့ဟာ အရေခွံကို ချွတ်ချခဲ့ရတဲ့ မြွေတွေလို ဒီဇာတိမှာမွေးပြီး ဇာတိကို ပြန်လွမ်းနေရ...။ #ဏီရို
မင်း စိတ်ချမ်းသာရင် ကိုယ့်နှလုံးသား ကျန်းမာပါတယ်။
ကို့ကိုယ်ကို ပြန်မြင်နိုင်တဲ့ အခါ မှန်ကန်တဲ့ တရားကို ရှာတွေ့မှာပါ။ #ဏီရို
"တိမ်" ပေါ့ပေါ့ပါးပါး ဖြူဖြူစင်စင်နေတာပဲ လေအဝှေ့မှာတော့ အဝေးကို လွင့်ပါးရတယ်။ #ဏီရို
ကလေးရေ ကိုယ့်ရဲ့ ကြွက်မလေးရေ... မင်းနေလို့မကောင်းဖြစ်တဲ့အခါ ပိုပြီးမနေတတ်မထိုင်တတ်နဲ့ စိတ်ပူတာ "ငါ" မင်း မျက်နှာလေးညှိုးနေရင် ဘာကြောင့်လဲဆိုတဲ့ အဖြေကို မရမက သိချင်တာလဲ "ငါ" မင်း ဒေါသထွက်ပုံပေါ်နေရင် မရမက လိုက်ချော့ဖို့ ကြိုးစား မိတာလဲ "ငါ" တကယ်တော့ ငါဟာ မင်းနဲ့ပတ်သက်ရင် အထိအရှ မခံနိုင်သူပါ...။ …
"ရည်းစားစကား" မင်းကို မြင်တဲ့အချိန်မှာ ကိုယ့်မျက်လုံး သူငယ်အိမ်ဟာ ၄၅% ပိုမိုပြူးကျယ်လာ...။ #ဏီရို
Morning ပါ ကလေးရေ ...🤍🤍🤍 ဒီအချိန်လောက်ဆို နိုးလောက်ရောပေါ့ ပြီးတော့ ... မနေ့က မပျော်ခြင်းတွေ နာကျင်ကိုက်ခဲခြင်းတွေကို ပြန် တွေးနေမိမယ်ထင်တယ် မင်းအတွက်ရေးတဲ့စာလေးပါ ... ကော်ဖီ ခွက်နဲ့ ဝေးနေတာကြာပြီဖြစ်တဲ့ မင်းအတွက် မနက်ခင်းလေးမှာ အတူရှိနေမယ်နော်ဆိုတဲ့ စကားလေး လက်ဆောင်ပေးထားတယ် ဘယ်အချိန်မဆို ... တ…
ချစ်ရတဲ့သူတွေနဲ့ ကော်ဖီတစ်ခွက်ရှိရင် ဘဝဟာ ပြည့်စုံပါတယ် ကော်ဖီဖျော်ပေးတဲ့သူက မင်း ဖြစ်နေရင်ပေါ့...။ #ဏီရို
ဗဟုသုတလည်းရ ၊အသုံးလဲဝင်တဲ့ အကြောင်းအရာတွေကို ပုံမှန်တင်ဆက်ပေးသွားမယ် ဒီ Facebook Page လေးကိုလဲ Like & Follow လုပ်ပေးကြပါဦးခင်ဗျာ.... https://www.facebook.com/profile.php?id=61572215180857&mibextid=ZbWKwL
လောကကြီးမှာ ချစ်ရုံ သက်သက် ရေစက်တွေ ရှိတာကိုလဲ လက် ခံ ပေး ပါ....။ ဆရာမပုညခင် ၏ နောက်ဆုံးနက္ခတ် ဝတ္ထုမှ...
မင်း ပျော်နေတာကို ငေးပြီး ကိုယ်လည်း ပျော်အောင်နေပါတယ် ... တစ်နေ့နေ့တော့ ပြန်ချစ်ကောင်းပါရဲ့ဆိုတဲ့ မျှော်လင့်ချက်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး မသေချာလာတော့ဘူးလေ ... ကိုယ်ချစ်တာကို မြင်နိုင်ကောင်းပါရဲ့လို့ တစ်ချိန်လုံးတွေးခဲ့တာ မြင်ပါရဲ့နဲ့ မမြင်ချင်ယောင်ဆောင်မှန်းကို တစ်နေ့ထက်တစ်နေ့ ပိုပြီး သိလာရတယ်…
We are in love or not? Please answer...
လောကမှာ လောဘအကြီးဆုံးကလည်း Gemini ဖြစ်သလို လောဘမရှိဆုံးကလည်း Geminiပါပဲ သူလိုချင်တဲ့လောဘက သူချစ်တဲ့လူဆီကရဖို့ပဲရှိတယ် သူချစ်တဲ့လူဆီက အကုန်လိုချင်တယ် အကုန်သိချင် အကုန် တွေ့ချင် အကုန်ကြားချင်တယ် တချိန်တည်းမှာပဲ ချစ်တဲ့လူနဲ့ ဝေမျှတယ် သူချစ်တဲ့လူတယောက်က ဆုတခုရခဲ့ရင် မုန့်တခုစားရရင် လက်ဆောင်တခ…
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် ဘာတွေပဲလုပ်လုပ် ချစ်နေခြင်း၊ သတိရခြင်းဟာ မင်းအပေါ်မှာ မပြောင်းလဲတဲ့အရာ...။ #ဏီရို
တိမ်တွေ ပေါက်ဖွားတဲ့အချိန်မှ လေပြင်းလာဖြစ်ရပေမယ့် ကြယ်လေးတွေ အတွက်တော့ သူရဲကောင်း ပါပဲ...။ #ဏီရို
ကိုယ်လား?... ဒီလိုပဲ အဆင်ပြေအောင်နေပါတယ် တကယ်တမ်း အဆင်မပြေပေမယ့်လည်း မင်းအတွက် အဆင်ပြေအောင် ဟန်ဆောင်ရတာပေါ့...။ #ဏီရို
မင်းအတွက် မင်း မထိခိုက်စေဖို့ မင်း ပျော်ရွှင်စေဖို့အတွက် ကိုယ့်ရဲ့ ဆန္ဒတွေကို မျိုသိပ် ဒဏ်ရာနဲ့ပဲ ကိုယ့်ကိုကိုယ်နှစ်သိမ့် နာစရာရှိလဲ ကိုယ်ပဲနာ သာစရာရှိရင် မင်းပဲ အသာရပါစေ အသက်ရှူလိုက်တိုင်း ပျော်ရွှင်အေးချမ်းပါစေ ကြာသပတေးသမီးလေးရေ...။ #ဏီရို
ကိုယ့်စေတနာတွေ မှန်ခဲ့ပါသည် ဒါကြောင့်... အဲဒီ ကြွက်မလေး ပျော်ရွှင်လန်းဆန်း ကျန်းမာပါစေ စိုးရိမ်သံသယနဲ့ အပူအပင်တွေကင်းပါစေ အရင်လို ရွှင်လန်းသွက်လက်စွာ ရှိပါစေ အိပ်ရာနိုးချိန်ကနေ အိပ်ရာဝင်ချိန်အထိ အခက်အခဲများကင်း၍ ပျော်ရွှင်မှုတွေသာ ပိုင်ဆိုင်ပါစေ..... #ဏီရို