Morning ပါ ကလေးရေ ...🤍🤍🤍 ဒီအချိန်လောက်ဆို နိုးလောက်ရောပေါ့ ပြီးတော့ ... မနေ့က မပျော်ခြင်းတွေ နာကျင်ကိုက်ခဲခြင်းတွေကို ပြန် တွေးနေမိမယ်ထင်တယ် မင်းအတွက်ရေးတဲ့စာလေးပါ ... ကော်ဖီ ခွက်နဲ့ ဝေးနေတာကြာပြီဖြစ်တဲ့ မင်းအတွက် မနက်ခင်းလေးမှာ အတူရှိနေမယ်နော်ဆိုတဲ့ စကားလေး လက်ဆောင်ပေးထားတယ် ဘယ်အချိန်မဆို ... တစ်ခုခုဆို တ လိုက်ရင် ရှိနေနိုင်ဖို့ အချိန်လေး ပေးထားတယ် ။ မနက်ခင်းတွေက အရင်ကလောက် ပျော်ဖို့ကောင်းမနေဘူး ပြီးတော့ ... လန်းဆန်းမနေဘူးလေ ဒါပေမယ့် အနည်းဆုံးတော့ မင်းပြုံးလိုက်နိုင်ရင် အချိန်ခဏလေးတော့ လှသွားမှာပါ ... သွားမပေါ်ချင်နေပါစေတော့ အလှဆုံးမဖြစ်ချင်နေပါစေတော့ ပြုံးတယ်ဆိုရုံလောက် ပြုံးပြလဲ ဖြစ်ပါတယ်။ Morning ပါ ကလေးရေ တစ်နေ့တာလုံးမှာ အစစအရာရာ အဆင်ပြေပါစေနော် ။ #ကျေးကို
January 23, 2025 8K 34