၆၄နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့အခမ်းအနား ကျင်းပပြုလုပ်ခြင်း။
ရက်စွဲ။ ။ ၂၀ ၂၆ ခုနှစ်၊ ဇူလိုင်လ ၇ရက်။
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့တွင် ၆၄နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ အခမ်းအနားကို ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို တိုက်ပွဲဝင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း အစီအစဥ်ဖြင့်စတင်ခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကိုတော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သော ရဟန်းရှင်လူ အာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် (၁)မိနစ်ငြိမ်သက်ခြင်းနှင့် ဆဲဗင်းဇူလိုင်နေ့ အမှတ်တရစကားပြောကြားခြင်း၊ ဗဟိုဦးဆောင်ကော်မတီ ထုတ်ပြန်ချက်ဖတ်ကြားခြင်း နှင့် ဆဲဗင်းဇူလိုင် သမိုင်းဖြစ်စဥ်များ ပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
ပြန်ကြားရေးဌာန
ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနကြီး
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်
#SF_SAF
#ဆဲဗင်းဇူလိုင်နေ့အခမ်းအနား
#မှတ်တမ်းဓာတ်ပုံများ