မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဆိုတာ မြန်မာပြက္ခဒိန်အရ… — Run Free Education — TG.ME

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဆိုတာ မြန်မာပြက္ခဒိန်အရ နှစ်သစ်တစ်နှစ် စတင်ဝင်ရောက်လာတဲ့ အထူးအရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပြီး သင်္ကြန်ကာလပြီးပြီးချင်း စိတ်သစ်၊ လူသစ်နဲ့ ဘဝသစ်တစ်ခုကို ပြန်လည်စတင်တဲ့ နေ့တစ်နေ့ပါ 🌼

ဒီနေ့မှာတော့ လူအများက မိမိတို့ရဲ့ အပြစ်အနာအဆာတွေကို ပြန်လည်သုံးသပ်ပြီး စိတ်သစ်၊ လူသစ်နဲ့ ကောင်းမွန်တဲ့ အပြုအမူတွေကို စတင်ကျင့်သုံးဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးကြတဲ့နေ့လေးလည်း ဖြစ်ပါတယ် 🤗

ဘုရားသွားကန်တော့ခြင်း၊ သက်ကြီးရွယ်အိုများအား ဂါရဝပြုခြင်း၊ မိဘဘိုးဘွားများကို ကန်တော့ခြင်းနဲ့ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့က နှစ်ဆန်းတစ်ရက်နေ့ရဲ့ အဓိကအလေ့အထတွေ ဖြစ်ကြပါတယ် 🍀🍃

ဒါ့အပြင် မိသားစုဝင်များနဲ့ အတူတကွ စုဝေးပြီး နွေးထွေးတဲ့ ဆက်ဆံရေးတွေကို ပြန်လည်တည်ဆောက်ကာ မေတ္တာတရားတွေ ပိုမိုတိုးပွားစေတဲ့နေ့တစ်နေ့လည်း ဖြစ်ပါသည် ❤️

ဒါကြောင့် ဒီလိုအဓိပ္ပာယ်တွေနဲ့ ပြည့်ဝနေတဲ့ ဒီသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှ စတင်ပြီး RFE မိသားစုဝင်များအားလုံးနဲ့ မိတ်ဆွေပြည်သူပြည်သား အားလုံးအပေါ် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့အတူ
လိုအင်ဆန္ဒများ အားလုံး ပြည့်စုံအောင်မြင်ကြပါစေ 🌟

ဘေးဘယာအန္တရာယ်အပေါင်းမှ ကင်းဝေးကြပြီး စီးပွားရေး၊ ပညာရေးနှင့် ဘဝအဆင့်အတန်းများ တိုးတက်မြင့်မားကာ နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုများနဲ့ အောင်မြင်မှုများကို အဆက်မပြတ် ရရှိခံစားနိုင်ကြပါစေ 🛡️🎉

စိတ်သစ်၊ လူသစ်နဲ့ ကောင်းကျိုးမင်္ဂလာများ ပြည့်ဝသော နှစ်သစ်တစ်နှစ်ဖြစ်ပါစေကြောင်း RFE မှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🌸

နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ ကြပါစေရှင်။

Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။

Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။

#RunFreeEdu
#organization
#RunFreeGroup #Thingyan #Myanmar_New_Year
❤81🎉2
April 17, 2026 8.7K 19 5