Run Free Education New Batch‼️ Hello Hello ဒီနေ့မှာတော့… — Run Free Education — TG.ME

Run Free Education New Batch‼️ Hello Hello ဒီနေ့မှာတော့ အားလုံးရင်ခုန်စွာ စောင့်မျှော်နေတဲ့ RFE ရဲ့ နောက်ဖွင့်မယ့် Batch အသစ်အကြောင်းလေးကို သတင်းကောင်းလေး ပါးချင်ပါတယ်။🎉 မြန်မာတို့ရဲ့ အတာသင်္ကြန် နှစ်သစ်ကူး အခါသမယ လတန်ခူးမှာ အသစ်ဖွင့်လှစ်မယ့် RFE ရဲ့ New Batch လေးပဲ ဖြစ်ပါတယ်။ RFEရဲ့ new batch လေးဖြစ်တဲ့ Batch 53 ကိုတော့ April လ 10 ရက်နေ့ (1:00AM) မှာ စတင်ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ်။ ဆိုတော့ class အသစ်တွေ တက်ရင်း ကိုယ့်ရဲ့ skill တွေကို မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်ထားလိုက်တော့နော်။🤗 Run Free Education ? --------------------------- Run Free Education ဆိုတာ မြန်မာနိုင်ငံမှာ ဘာသာရပ်များစွာကို မေတ္တာဖြင့် သင်ကြားပေးတဲ့ သင်တန်းကျောင်း တခုဖြစ်ပါတယ်။ Run Free Group မှ ဖွဲ့စည်းထားတဲ့ 5 ခုမြှောက် အဖွဲအစည်းတစ်ခုလည်း ဖြစ်ပါတယ်။ Run Free Education ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ချက်ဖြစ်တဲ့ မြန်မာပြည်တဝှမ်းရှိ ကျောင်းသားလူငယ်များ ပြည်သူများ အခမဲ့ ပညာသင်ကြားနိုင်ရေးဖွင့်လှစ်ပေးထားသော အလုပ်အကိုင် လွယ်ကူစေရေးအတွက်ရည်ရွယ်၍ Free Education တစ်ခုဖြစ်ပါတယ်။ လက်ရှိသင်ကြားပြသပေးနေသော ဆရာ ဆရာမ ပေါင်း 6000 အထိရှိနေပြီဖြစ်ပြီး သင်ယူခဲ့သော ကျောင်းသားပေါင်း 200,000 ကျော် ရှိနေပါပြီ။ မိမိတို့ တက်စွမ်းနိုင်သမျှ တပ်တအားဖြင့် ပါဝင်လိုပါက Page မှာ Volunteer လျောက်ထားလို့ရတဲ့ Status လေးတွေရှိပါတယ်။ Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။ Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။✨ #RunFreeEdu #organization #RunFreeGroup #April #New_Batch

March 31, 2026 7.1K 18 22