မျက်ဝန်းအိမ်ထဲ ဖျတ်ခနဲ
မင်းအရိပ်က ငါ့ကဗျာ ။
နှလုံးအိမ်ထဲ ထာဝရ
မင်းမျက်နှာလေးက ငါ့ကဗျာ။
အသွေးအသားထဲ မပြတ်စီးဆင်းနေတဲ့
မင်းမျက်စောင်းလေးက ငါ့ကဗျာ ။
ရောင်စုံတွေထဲ အဝါရောင်ကာလာတစ်ခုသာ ငါ့ကဗျာ ၊ အရာရာပျက်စီးနေတဲ့
ခေတ်ပျက်ကမ္ဘာထဲမှာ မင်းလက်တွဲထားခွင့်ရခြင်းက ငါ့ကဗျာ ။
နေ့ရက်တိုင်းမှာ မင်းက ငါ့ကဗျာ၊ အိပ်မက်တိုင်းမှာ မင်းက ငါ့ကဗျာ၊
မင်းက အရာရာ မင်းက ငါ့ကဗျာ ။
#𝙊𝙬𝙣𝙚𝙧
#crd
Forwarded from𝙁𝙤𝙧 𝙮𝙤𝙪 𝙈𝙚𝙨𝙨𝙖𝙜𝙚𝙨
1October 10, 2025 199