လွင့်မြောရာသည်ဒေသမှာ တိမ်စိုင်တွေကျောက်ချနေကြတယ်… — Khun's poem🍓🎀 — TG.ME

လွင့်မြောရာသည်ဒေသမှာ
တိမ်စိုင်တွေကျောက်ချနေကြတယ်
ခုတ်မောင်းနေတဲ့သင်္ဘောကြီးတွေပေါ့
နစ်မြုပ်ခဲ့ရတဲ့ လှေငယ်တွေကော
ငါ့ရင်ခွင်မှာ ပြည့်လျှံနေတယ်။
ကျောက်ဒိုးလေးတစ်လုံးနဲ့ လှမ်းရိုက်သလိုမျိုးပါ
ခေါင်တည့်တည့်ကိုထိတဲ့အခါ အရာရာပိုင်လိုက်ရသလိုမျိုးပါ
အချစ်တဲ့ မလှပလွန်းဘူးလား။
တိမ်တောက်ဆဲဆည်းဆာမှာ
သည် တိမ်တောက်ဆဲဆည်းဆာမှာ
လစန္ဒာဟာတိတ်တခိုးချောင်းကြည့်နေတယ်။
အလှအမှန်ဆိုတာ လှန်မှဆိုတော့
အဲလေ ငါလည်းခေတ်ရဲ့
အမှန်တရားအချို့ကိုထုတ်ဖော်ပြမိနေပြန်ပါပြီ။
ခေတ်ရဲ့စကား ခေတ်ရဲ့တရား
မတရားမှန်းသိရဲ့နဲ့
ပေဘဝကို ရွှေမှုန်လေးဖြူးရင်း
သာယာနေတာမြင်ရရင်
ကျောက်ဆောင်ကိုထိုးနေတဲ့လက်သီးတွေကို
အားနာတယ်။
တစ်ယောက်ထလို့ မထူးဘူးဆို
နှစ်ယောက်ထကြပေါ့ သုံးယောက်ထကြလော့
မဖြစ်နိုင်ဘူးဆိုတာ လူသားတို့သမိုင်းမှာ
မှားနေတဲ့သတ်ပုံ။
ငါတို့လပေါ်လည်းရောက်ဖူးပြီ
ငါတို့ မတွေးနိုင်တာအရာရာကျော်လွန်ခဲ့ပြီ။
ကြောက်နေရင် မင်းအနာဂတ်ကိုကြည့်
ကိုယ့်ကိုကိုယ်မချစ်တဲ့အထိ
မင်းငြိမ်ခံနေသေးရင်တော့
မင်းမှာ.... ရှိနေလို့ပဲ။

#Khin
#crd
❤2
October 3, 2025 169