ဂျိုးဖြူလမ်းပေါ် အောင်ဆန်းကွင်းနား အဖမ်းအဆီးလုပ်သွားခဲ့ ဩဂုတ်လ ၃၁… — Rangoon Scout Network (RSN) — TG.ME

🛑 ဂျိုးဖြူလမ်းပေါ် အောင်ဆန်းကွင်းနား အဖမ်းအဆီးလုပ်သွားခဲ့

ဩဂုတ်လ ၃၁ ရက်၊ ည ၉ နာရီကျော်ဝန်းကျင်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းပေါ် အောင်ဆန်းကွင်းမျက်နှာချင်းဆိုင် တိုက် ၅၉ ရှေ့ အင်ကြင်းဖြူအရက်ဆိုင်နားက ကားလမ်းပလက်ဖောင်းမှာ အရက်ထိုင်သောက်နေသော အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ဦးကို ရဲခွေးအရပ်ဝတ်များ၊ နယ်ထိန်း ၁ ကောင်နှင့် ၎င်းမွေးထားသည့်ပျူ ၃ ကောင်တို့က ဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။

အဖမ်းခံရသူများထဲမှာ ၁ ဦးမှာ ဖဆပလရပ်ကွက်အုပ်ကြီးရုံးမှာ အလုပ်လုပ်သူဖြစ်ပြီး ကျန် ၁ ဦးမှာ ရပ်ကွက်နေပြည်သူ ၁ ဦးဖြစ်သည်။ ထို့နောက် အုပ်ကြီးရုံးထံဆက်သွယ်လာ၍ လက်ရှိတော့ ပြန်လွတ်လာသည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးသည့်အဖွဲ့သည် တိုက် ၁၃ နား ကန်ကြီးမောင်ရေတိုင်ကီဘေးက လက်ဖက်သုပ်/ဂျင်းသုပ်ဆိုင်မှ ပြန်ထွက်လာသူများဖြစ်ပြီး လမ်းမှာတွေ့၍ အရက်သောက်သည်ဟု ခေါင်းစဉ်ဖြင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

သတင်းပေးပို့ရန် @MGTN_Scout_News
❤1🔥1
September 4, 2026 314 1