🛑 အောင်ဆန်းကွင်းနား ပေါ်တာဆွဲသွား
ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်ဝန်းကျင်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဂျိုးဖြူလမ်းပေါ် အောင်ဆန်းကွင်းနားက ယခင် အောင်ဆန်း City mart ရှိခဲ့သည့်ဘေးက Ok ကျောက်မျက်ဆိုင်နား စစ်ခွေး single cab ၁ စီး နဲ့ Prbox ၁ စီးတို့ရပ်ထားပြီး အနားဖြတ်လျောက်သွားသည့် ကောင်လေး ၂ ယောက်ကို စစ်ခွေး ၁ ကောင်က single cab ပေါ်ဆွဲခေါ်တင်သွားသည်ဟု သိရသည်။ အဆွဲခံရသည့်ကောင်လေး ၂ ယောက်ထဲက ၁ ယောက်က ရုန်းကန်ရင်း အင်္ကျီကြယ်သီးများပြုတ်ထွက်သွားသေးကြောင်း အနီးအနားမှ မြင်လိုက်သည့် ပြည်သူ ၁ ဦးထံမှ သတင်းရရှိသည်။ အဆိုပါကား ၂ စီးက ဖဆပလရပ်ကွက်ထဲမှ ပြန်ထွက်လာသည့်ကားများဖြစ်ပြီး တိရိစ္ဆာန်ရုံဘက်ပြန်မထွက်ပဲ အဆိုပါနေရာ၌ လမ်းပြောင်းပြန်ရပ်ပြီး ဆွဲနေခဲ့ခြင်းဖြစ်ကာ Probox ကားထဲမှာလည်း အဆွဲခံရသူအပြည့်ပါနေသေးကြောင်း ၎င်းကဆိုသည်။
သတင်းပေးပို့ရန် @MGTN_Scout_News ⚜
Forwarded fromMGTN Spring News and Scout Channel

6
1September 4, 2026 376 6