⚫️ သာကေတမြို့နယ် မြင်တော်သာလမ်းပေါ် စက်ဘီးစီးသွားလာနေသည့် လူငယ်ကို လိုက်ဖမ်း
ယမန်နေ့ စက်တင်ဘာလ ၂ ရက် မနက် ၇ နာရီကျော်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းပေါ် ကျန်းမာရေးမှတ်တိုင်နှင့် မီးသတ် (ဇင်္ဂမလမ်းဆုံ) ကြားထဲ ယောကျ်ားလေး ၁ ဦး (၉ တန်းကျောင်းသားအရွယ်ခန့်) စက်ဘီးစီးသွားလာနေစဉ် အရပ်ဝတ် ၄ ယောက်မှ ရပ်ခိုင်းရာ မရပ်လို့ဆိုပြီး အတင်းလိုက်လံဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် စက်ဘီးလဲကျသွား၍ ဖမ်းမိသွားပြီး လူငယ်လေးမှ 'ကျွန်တော်ကျောင်းသားပါ၊ ကျောင်းသွားမလို့ပါ' ဟု တောင်းပန်ပြောဆိုမှ ၎င်းအရပ်ဝတ်လူစုထဲမှ လူ ၁ ယောက်က 'ကျောင်းသားဆို ပြန်လွှတ်ပေးလိုက်' လို့ပြော၍ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
Source: Scout Yangon
03 Sep 2026
#RangoonScoutNetwork
Forwarded fromRSN WEB
1
1September 3, 2026 301 2