⚫️ လူလိုက်ဆွဲနေသည့်အဖွဲ့ကို ဖမ်းမိသည်ဟုဆိုကာ စစ်တပ်လော်ဘီများ သတင်းထုတ်ပြန်
-
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သိန်းဦး (ခ) အငယ်လေး ဆိုသူက လူငယ်များကို လိုက်ဆွဲနေခဲ့ပြီးနောက် ဩဂုတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ၎င်းကို အဖမ်းပြခဲ့ကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ သိရှိရသည်။ ၎င်း၏သားမတ်ဖြစ်သူ သန်းစိုး နှင့်အတူတူ လူလိုက်ဆွဲပြီး ရောင်းစားနေခဲ့သည်ဟု ဖော်ပြထားသည်။
၎င်း သိန်းဦး (ခ) အငယ်လေးမှာ အရံမီးသတ်မှဖြစ်ပြီး ၃ ပွင့်အဆင့်ရှိသူဟုလည်း မီဒီယာသတင်းများမှ သိရှိရသည်။ လူငယ်များကို နည်းမျိုးစုံဖြင့် လိုက်ဆွဲပြီး နေအိမ်တွင် ချုပ်နှောင်ကာ စစ်တပ်ဆီ ရောင်းစားနေခဲ့သည်ဟု သိရသည်။
၎င်းနေအိမ်မှာ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အုတ်စက်ရုံနောက်ကျောဘက်၌ ရှိပြီး သီးသန့်အချုပ်ခန်းပါ လုပ်ထားသည်။ စစ်တပ်က ၎င်းကို ဝင်ဖမ်းပြစဉ် နေအိမ်ထဲ ချုပ်နှောင်ခံထားရသူ လူငယ် ၄ ဦးရှိနေခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ အိမ်နောက်ခန်းများ၌ ထိပ်တုံးခတ်ခံထားရသည်ဟု ဆိုသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်နေ လူငယ် ၂ ဦးကို ကြည်ဝင်းဆိုသူက အလုပ်ရှိသည်ဟု ရန်ကုန်မြို့သို့ မျှားခေါ်ပြီးနောက် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၌ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားသောကြောင့် လိုက်လံစုံစမ်းရာမှ ၎င်းလူလိုက်ဆွဲနေသည့်အဖွဲ့ကို ဖမ်းမိသည်ဟူသည့်ပုံစံမျိုးဖြင့် စစ်တပ်လော်ဘီမီဒီယာများမှ ဖော်ပြထားကြသည်။
03 Sep 2026
#RangoonScoutNetwork
Forwarded fromRSN WEB
2
1
1September 3, 2026 277 1