ပုဇွန်တောင်မြို့နယ်၊ ၅၇ လမ်းထဲ လူငယ်များကို ရိုက်နှက်ပြီး… — Rangoon Scout Network (RSN) — TG.ME

Forwarded fromRSRSN WEB
⚫️ ပုဇွန်တောင်မြို့နယ်၊ ၅၇ လမ်းထဲ လူငယ်များကို ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်သွား
-

ယမန်နေ့ စက်တင်ဘာလ ၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ၅၇ လမ်းပေါ် Hotel 57 အနီး (ဗိုလ်တထောင်ဈေးလမ်းထဲ ဝင်သည့် အကွေ့နား) ယောကျ်ားလေး ၂ ဦး သွားလာနေစဉ် အရပ်ကားအဖြူရောင် ၁ စီးဖြင့် အရပ်ဝတ် ၄ ယောက် ရုတ်တရက်ရောက်လာပြီး လက်ထိပ်ခတ်ဖမ်းဆီးကာ ကားပေါ်ဆွဲတင်ပြီး မဟာဗန္ဓုလလမ်းဘက်သို့ မောင်ထွက်သွားကြကြောင်း သတင်းရရှိသည်။

ဖမ်းခံရသူ ယောက်ျားလေး ၂ ဦးအနက် ၁ ဦးမှာ အသက် ၂၀ နှစ်အရွယ်ခန့်ရှိပြီး မျက်မှန်တပ်၊ အသားဖြူ၊ ဘောင်းဘီတိုဝမ်းဆက် ဝတ်ထားသည်။ နောက်ယောကျ်ားလေး ၁ ဦးမှာ အသက် ၂၅ နှစ်အရွယ်ခန့်ရှိပြီး အသားညို၊ ဘောင်းဘီအရှည်ဝတ်၊ ဘေးလွယ်အိတ်လွယ်၊ ထီးအပြာဆောင်းထားသည်။

ဝင်ဆွဲသည့် အရပ်ဝတ်များမှာ ၂ ယောက်က အသက် ၃၀ နှစ်ကျော် ခပ်ဝဝဖြစ်ပြီး နောက် ၂ ယောက်က လူငယ်ပိုင်းဟု သိရသည်။

၎င်းတို့ ဝင်ဖမ်းသည့်ချိန်တွင် မျက်မှန်နှင့် လူငယ်လေးက အော်ဟစ်အကူအညီတောင်းလို့ဆိုပြီး နာရင်းရိုက်ပြီး ကားပေါ်ဆွဲတင်သွားကြသည်။ နောက်လူငယ်လေးတွင်ပါသည့် ထီးအပြာလည်း ပြုတ်ကျကျန်ခဲ့သည်ဟု သိရသည်။

04 Sep 2026
#RangoonScoutNetwork
🤬11❤1
September 3, 2026 401 7