ဘုရားငါးဆူ-နွားခြံကုန်း ကျေးလက်လမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
ပေါင်းတည်၊ စက်တင်ဘာ ၃
စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်း၊ တိုင်းဒေသကြီးလွှတ်တော် ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်၊ နတ္တလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ် ဦးမျိုးမင်းဇော်နှင့် မြို့နယ်ကော်မတီဝင်များသည် ကျေးလက်လမ်းဦးစီးမှူးနှင့်အတူ ဘုရားငါးဆူ-နွားခြံကုန်းလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တာဝန်ရှိသူများက လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ လမ်းအရည်အသွေးနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
#SN




















