"Service Line Restricted" စာပေါ်လာရင် ကြောက်လန့်ပြီး Plan တွေ လျှောက်မပြောင်းပါနဲ့! ⚠️🚨
Starlink သုံးစွဲသူ မိတ်ဆွေများခင်ဗျာ... အခုတလော အချို့သော စက်တွေမှာ Starlink ဘက်ကနေ အောက်ပါ Warning Notice စာတိုမျိုး ပြသပြီး အင်တာနက် Speed ကို ကန့်သတ် (Throttled) လိုက်တာမျိုး ကြုံတွေ့နေရပါတယ်။
📌 အကောင့်ထဲတွင်ပေါ်လာသည့် အသိပေးစာတို -
English:
"Service line restricted. Your service line is restricted for Business or Enterprise use in violation of our Terms of Service. Upgrade your plan to resume high-speed service."
မြန်မာဘာသာပြန်:
"ဝန်ဆောင်မှုလိုင်း ကန့်သတ်ထားသည်။ သင်၏ ဝန်ဆောင်မှုလိုင်းကို စီးပွားရေး (Business) သို့မဟုတ် အင်တာပရိုက်စ် (Enterprise) အတွက် အသုံးပြုနေခြင်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုစည်းမျဉ်းများကို ချိုးဖောက်နေသဖြင့် ကန့်သတ်ထားပါသည်။ မြန်နှုန်းမြင့် ဝန်ဆောင်မှုကို ပြန်လည်အသုံးပြုနိုင်ရန် သင်၏ ပလန်ကို အဆင့်မြှင့်တင်ပါ (Upgrade လုပ်ပါ)"
💡 ဒါဟာ ဘာကို ဆိုလိုတာလဲ?
ဒီစာတိုရဲ့ သဘောတရားကတော့ Starlink ဘက်က "မင်းရဲ့စက်ကို ပုံမှန် မြန်နှုန်းမြင့် Speed နဲ့ ပြန်သုံးချင်ရင် Global Priority / Business Plan ကို ပြောင်းသုံးပါ" လို့ တိုက်တွန်း/ဖိအားပေးတဲ့ သဘောဖြစ်ပါတယ်။
⚠️ အထူးသတိပြုရန်နှင့် ရှောင်ကြဉ်ရန် အချက် -
၁။ ကြောက်လန့်ပြီး Plan သွားမပြောင်းပါနဲ့ ❌
"လိုင်းပိတ်သွားပြီ" ဆိုပြီး စိတ်ဓါတ်ကျကာ အကောင့်ထဲမှာ Global Priority သို့မဟုတ် တခြား စျေးကြီးတဲ့ Plan တွေကို သွားပြီး Upgrade လုံးဝ မလုပ်မိပါစေနဲ့။
၂။ လက်ရှိ Roam Unlimited အတိုင်း ဆက်သုံးနိုင်ပါတယ် 🛑
မြန်မာနိုင်ငံသည် Starlink ၏ တရားဝင် ဝန်ဆောင်မှုပေးထားသည့် နယ်မြေ (Authorized Region) မဟုတ်သည့်အတွက် Plan သွားပြောင်းလိုက်ပါက ဘေလ်တွေသာ အဆမတန် ကုန်ကျသွားမည်ဖြစ်ပြီး စက်၏အခြေအနေပိုမို ရှုပ်ထွေးသွားနိုင်ပါသည်။ မိမိလက်ရှိ သုံးနေသည့် Roam Unlimited Plan အတိုင်းပဲ ငြိမ်ငြိမ်လေး ဆက်လက် အသုံးပြုကြပါ။
💡 အနှစ်ချုပ် သတိပေးချက် -
ဒီလိုသတိပေးချက် ပြသခြင်းသည် စက်ကို ရုတ်တရက်အပြီးတိုင် လိုင်းဖြတ်တောက်လိုက်ခြင်း မဟုတ်ဘဲ Speed လျှော့ချလိုက်ခြင်းသာ ဖြစ်ပါသည်။
ဒါကြောင့် လိုင်းပေါ်က သတင်းအမှားတွေကို စိတ်ပူပြီး အကောင့် Setting များကို ဇွတ်အတင်း သွားရောက် မပြင်ဆင်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 🙏🛰️
Starlink နဲ့ ပတ်သက်သည့် အမှန်ကန်ဆုံး Update များကို Starlink Burma တွင် အမြဲမပြတ် စောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။ 😊🙌
#starlinkburma #satelliteburma #ServiceLineRestricted #StarlinkNotice #DoNotUpgrade #RoamUnlimited #StarlinkUpdate
Disclaimer:
The information provided in this post is for educational and informational purposes only, based on our on-ground experience and current market observations. We are not affiliated with, authorized, maintained, sponsored, or endorsed by SpaceX or Starlink. All product names, logos, and brands are the property of their respective owners. Starlink's policies and service terms are subject to change at the company's sole discretion; therefore, users are advised to stay informed of official updates.
https://www.facebook.com/share/p/197SmXK22f/