မန္တလေး❗ ​ယနေ့မနက်ပိုင်းတွင် မန္တလေးမြို့ရှိ ရပ်ကွက်တိုင်းလိုလိုတွင်… — Voice Of Mandalay(Vomdy) — TG.ME

မန္တလေး

​ယနေ့မနက်ပိုင်းတွင် မန္တလေးမြို့ရှိ ရပ်ကွက်တိုင်းလိုလိုတွင် စစ်မှုထမ်းရန်အတွက် တစ်အိမ်လျှင် လူတစ်ဦးနှုန်းဖြင့် မဖြစ်မနေ လာရောက်မဲနှိုက်ခိုင်းနေကြကြောင်း သိရသည်။

​ယနေ့ (စက်တင်ဘာလ ၄ ရက်နေ့) နံနက် ၉ နာရီဝန်းကျင်က (၈၀ လမ်း × ၄၃-၄၄ လမ်း) ဘက်တို့တွင် ဒေသခံပြည်သူများအား တစ်အိမ်တစ်ယောက်နှုန်းဖြင့် မဖြစ်မနေ လာရောက်မဲနှိုက်ခိုင်းခဲ့ကြပြီး၊ နံနက် ၈ နာရီဝန်းကျင်ကလည်း (၃၇ လမ်း × ၇၃ လမ်း) ထောင့်ရှိ လက်ပံတန်းဓမ္မာရုံတွင် စစ်မှုထမ်းမဲနှိုက်ရန် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

​အဆိုပါ မဲနှိုက်ရာတွင် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိသူများ စစ်မှုထမ်းရန်အတွက် မဲနှိုက်ရခြင်းဖြစ်ပြီး၊ မဲလာမနှိုက်ပါက တာဝန်ရှိသူများက ၎င်းတို့လူများကိုယ်စား မဲနှိုက်ခိုင်းကာ အုပ်ချုပ်ရေးမှူးရုံးသို့ စာရင်းပေးသွင်းခိုင်းပြီး လူသစ်စုဆောင်းခေါ်ယူသွားမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း သိရှိရသည်။

#Vomdy
Fri Sep4

​Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။


သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
❤10👍5🤬3🔥2
September 4, 2026 1.9K 3