❗မန္တလေး❗
မန္တလေးမြို့၊ ကျောက်စိမ်းဘုရား၊ အင်းသာယာတံတားအနီးတွင် အလုပ်မှပြန်လာသည့် လိုက်ထရပ် (Light truck) ကားတစ်စီးပေါ်မှ လူငယ်များကို စကစမှ ယာဉ်မျိုးစုံသုံးကာ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စက်တင်ဘာလ ၁ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က အဆိုပါနေရာ၌ အလုပ်မှပြန်လာသော Light truck ကားတစ်စီးပေါ်ပါလာသည့် အသက် (၂၅) နှစ်ဝန်းကျင်အရွယ် လူငယ် (၃) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက Alphard ကားတစ်စီး၊ 4-wheel ကားတစ်စီးနှင့် ရဲကားတစ်စီးတို့ဖြင့် အင်အားသုံးကာ ပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည်။
#Vomdy
Fri Sep4
Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။
သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
9
8
7
5September 4, 2026 2K 3