မန္တလေး❗ ​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၀ လမ်း၊ ၃၉ လမ်းနှင့်… — Voice Of Mandalay(Vomdy) — TG.ME

မန္တလေး

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၀ လမ်း၊ ၃၉ လမ်းနှင့် ၄၀ လမ်းကြား) ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအမြောက်အမြားဖြင့် ဝင်ရောက်စီးနင်းကာ ကျားဖြန့်လုပ်ကိုင်သည်ဟုဆိုကာ တရုတ်နိုင်ငံသားများနှင့် လူငယ်များကို ဖမ်းဆီးသွားသည်ဟုသိရှိရသည်။

ယနေ့ (စက်တင်ဘာလ ၂ ရက်နေ့) နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါနေရာသို့ အချုပ်ကားများ၊ ရဲကားများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ပျူစောထီးများ အပါအဝင် အင်အားအမြောက်အမြားဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ ကျားဖြန့်လုပ်ငန်းများနှင့် သက်ဆိုင်သည်ဟုဆိုကာ တရုတ်နိုင်ငံသားများနှင့် ကောင်မလေးများအပြင် လက်ပ်တော့ (Laptop) ကွန်ပျူတာများကိုပါ သိမ်းဆည်းကာဖမ်းဆီးခဲဲကြောင်းသိရှိရသည်။

#Vomdy
Wed Sep2

​Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။


သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
🔥14❤5
September 2, 2026 2.7K 1 11