❗မန္တလေး❗
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေပြင်သတင်းများကို ဖုံးကွယ်ရန်နှင့် စစ်မှုထမ်းရန် လူသစ်စုဆောင်းပေးနိုင်ရန်အတွက် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးမှုများ လုပ်ဆောင်နေကြရာ၊ ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါးနှင့် ဆေးခြောက်ရောင်းသည်ဟု စွပ်စွဲကာ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ ည ၉ခွဲ နာရီဝန်းကျင်ခန့်က မန္တလေးမြို့၊ (၂၀ လမ်း × ၂၁ လမ်း) ကြားရှိ နေအိမ်တစ်အိမ်သို့ စစ်ကောင်စီမှဝင်ရောက်လာပြီး အသက် (၂၀) ကျော်အရွယ် လူငယ်တစ်ဦးကို မူးယစ်ဆေးဝါးမှုဖြင့် အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရမည့် လူငယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦးမဟုတ်ဘဲ သတင်းအချက်အလက်များနှင့် မြေပြင်အခြေအနေများကို ဖုံးဖိရန်အတွက် ယခုကဲ့သို့ မူးယစ်မှုဆင်ခြေပေးကာ ပေါ်တာဆွဲရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါလူငယ်မှာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။
#Vomdy
Thu Sep3
Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။
သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
18
5
4September 3, 2026 1.9K 2