ဗီဂျေး: post #5443 — TG.ME

" Love Reddy " (2024)

ရက်ဒီကတော့ အသက်သုံးဆယ်ရှိပြီဖြစ်တဲ့ လူပျိုကြီးတစ်ယောက်ပါ။ မိဘတွေက သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပေမယ့် ဆယ့်ငါးကြိမ်အထိ တစ်‌ေယာက်နဲ့မှ အဆင်မပြေခဲ့ပါဘူး။

အကိုကြီး ဖြစ်သူ ရက်ဒီ အိမ်ထောင်ကျမှပဲ လက်ထပ်ပွဲကျင်းပလို့ ရမယ့် သူ့ညီကတော့ အမြန် အိမ်ထောင်ကျစေချင်တာကြောင့် အချစ်ကို ရှာဖို့အမြဲ‌တိုက်တွန်းနေရာက တစ်နေ့မှာ ဘတ်စ်ကားပေါ်က တွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ် ။

နေ့တိုင်း စကားတွေ ပြောကြရာက မင်းသားဘက်က သံယောဇဉ်တွယ်လာတဲ့ အခါမှာ မင်းသမီးဟာ သူ့အဖေ စီစဉ်တဲ့ မင်္ဂလာပွဲကို လက်ခံဖို့ အကြောင်းဖန်လာပါတယ် ။ ချစ်တယ်လို့ တစ်ခွန်းမှ ထုတ်မပြောကြပေမယ့် မျက်၀န်းထဲကတစ်ဆင့် တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ကြတဲ့ သူတို့ နှစ်ဦးရဲ့ ကံကြမ္မာကရော ဘယ်လို ဖြစ်လာမှာလဲ...

အချစ်ဆိုတာ ထုတ်ဖော်ပြသရတဲ့ အရာလား ...စကားလုံးတွေကတစ်ဆင့် ၀န်ခံမှ သိမယ့်အရာလား .....နောက်ဆုံးမှာ ကောင်လေးဘက်က ၀န်ခံခဲ့ပေမယ့် ကောင်မလေးက ဘာကြောင့် ငြင်းပယ်နေရတာလဲ...တစ်ခါတစ်လေမှာ ကိုယ့်ကို ချစ်တယ်လို့ ခံစားစေရတဲ့သူတွေက အဆုံးသတ်မှာ ဘယ်လိုကိစ္စ‌မျိုးတွေကြောင့် အပြောင်းလဲကြီး ပြောင်းလဲသွားမလဲဆ်ိုတာကို ကြေကွဲဖွယ်ဇာတ်လမ်းလေးအနေနဲ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
https://t.me/+0JB9eJ9K7uU3YTM9

➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2265528314/7379

ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်‌တွေကိုJoinဖို့👇👇

https://t.me/addlist/r5oXjvrSqDwwNjQ1
❤1