ဗီဂျေး: post #5451 — TG.ME

" Hide N Seek " (2024)

IMDB 9/10

IMDB မှာ ထွက်ထွက်ခြင်း ၉အထိရရှိထားပြီး တကယ်ကောင်းပြီး ခေတ်နဲ့လဲ လျှော်ညီတဲ့ ရာဇဝတ်မှုဖော်ထုတ်ရေးဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။

မင်းသားကတော့ နောက်ပိုင်းမှာ Hide N Seek , Game Changer တို့လို့ဇာတ်ကားကောင်းတွေမှာနေရာရလာတဲ့ ဗစ်ရှ်ဝမ့်ဖြစ်ပြီး မင်းသမီးကတော့ တောင်ပိုင်းမင်းသမီးချော ရှီလ်ပါ ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း...

စစ်ဆေးရေးမှုး ဗိုက်ရှ်နာဗီရဲ့ လက်ထပ်မှာမယုံနိုင်လောက်အောင်ပဲ လူငယ်တွေသေဆုံးမှုမြင့်တက်လာခဲ့ပါတယ်။တစ်ချို့တွေဟာ မနက်စာစားနေတုန်း တစ်ချို့တွေဟာ ပစ္စည်းပို့နေတုန်း အကြောင်းမရှိပဲ အသတ်ခံခဲ့ရတာပါ။

အဲ့ဒီလိုမှုခင်းတွေနဲ့ဗျာများနေတုန်းမှာ ပစ္စည်းပို့တဲ့ကောင်လေးတစ်ယောက် အသတ်ခံရမှုနဲ့ဆက်စပ်ပြီး အမည်မဖော်လိုသူတစ်ယောက်ရဲ့ မှုခင်းအချက်အလက်တွေပေးပို့တာကိုရရှိခဲ့ပါတယ်။ရဲတွေက မတော်တဆမှုလို့ယူဆအမှုပိတ်ခဲ့ပေမယ့် လူသတ်မှုလို့ပေါ်လာတဲ့အခါမှာတော့.....

ဒီလိုနဲ့တစ်ဖက်မှာလဲ ဆေးကျောင်းသားလေး ရှီဗာတစ်ယောက်လဲ သူ့သူငယ်ချင်းတွေသေဆုံးရင်း သူ့ကိုပါအမှုပတ်လာပြီး ဒုက္ခတွေတွေ့လာပါတော့တယ်။ ဒီတော့ ဆေးကျောင်းသားနဲ့ စစ်ဆေးရေးမှုးတို့ပူးပေါင်းပြီးအမှုတွေကိုဖော်ထုတ်နိုင်မလား ဒီလိုလူသတ်မှုတွေကိုဘယ်လိုအကြောင်းမျိုးကြောင့်ဘယ်သူကကျူးလွန်ခဲ့တာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲဆက်လက်လိုက်ပါစီးမျောလိုက်ကြပါဦး ခင်ဗျာ။

➡️ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လို့ရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)⬇️
https://t.me/+0JB9eJ9K7uU3YTM9

➡️ဇာတ်ကားကြည့်ရန်လင့်⬇️
https://t.me/c/2265528314/7390

ဇာတ်ကားအသစ်တွေကြည့်ချင်ရင်
ချန်နယ်အသစ်‌တွေကိုJoinဖို့👇👇

https://t.me/addlist/r5oXjvrSqDwwNjQ1