မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေး
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး Grand Hall ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပရာ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာတိုးတက်စေရေး၊ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်သွားရောက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးယန္တရားများ ပိုမိုအားကောင်းစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
8
1
1September 5, 2026 751 1