မုဒုံမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသက်တော်ရှည်ဆရာတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား (၄၂)ကြိမ်မြောက်အဖြစ်ပူဇော်ကန်တော့
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ယနေ့ သြဂုတ် ၃၀ ရက်က မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသက်တော်ရှည်ဆရာတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား (၄၂) ကြိမ်မြောက်အဖြစ်ပူဇော်ကန်တော့ခဲ့ကြသည်။
မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေးနှင့်ဇနီး တာဝန်ရှိသူများတက်ရောက်၍ ကြွရောက်တော်မူလာကြသည့် အပူဇော်ခံဆရာတော်ကြီး(၄၂)ပါးအား ပူဇော်ကန်တော့ခဲ့ကြပြီးနောက် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပူဇော်ကန်တော့ပွဲတွင် ဂျုံးကျတောရကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဩဝါဒကထာချီးမြှင့်ခြင်း၊ ဓမ္မဒူတဆရာတော်ထံမှ အနုမောဒ နာတရားနာယူခြငိးတို့ကိုလည်းပြုလုပ်ခဲ့ကြသည်၊
8
5
2
1August 30, 2026 1.1K 2









