ဟားခါးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရွေ့လျားဆေးခန်းဖွင့်၍ ဒေသခံ ၄၇၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး
ဟားခါး၊ ဩဂုတ် ၃၀
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက နော်ဝေနိုင်ငံကြက်ခြေနီအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ရွေ့လျားဆေးခန်းဖွင့်လှစ်ကာ ဒေသခံပြည်သူများအား ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားဆေးခန်းကို ဩဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ ဟားခါးမြို့ရှိ ဗေသလဘုရားကျောင်းနှင့် ဧမာနွေလဘုရားကျောင်းတို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဆေးခန်းဖွင့်လှစ်ပေးသည့် ကာလအတွင်း ဒေသခံပြည်သူ ၄၇၇ ဦးအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူရန်လိုအပ်သည့် လူနာ ၇ ဦးကို သက်ဆိုင်ရာ ဆေးရုံများသို့ ညွှန်းပို့ပေးခဲ့သည်။
ထို့ပြင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များ ပူးပေါင်း၍ ဒေသခံများအတွက် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
7
2
1
1August 30, 2026 996 3


