ကျွန်တော်ရဲ့ ချစ်သူ ရေသူ (Ep-3)
ကောင်းကင်တစ်ခုလုံး မိုးသားများ တက်လာနေပြီး လေဟုန်တိုးသံ သဲ့သဲ့ ကြားနေရသည်။ကလေးတွေ စာမေးပွဲ ရှိတော့မှ မိုးကရွာတော့မည်အလား။မိုးရွာနေပင်မဲ့လည်း စာမေးပွဲအခန်းတွင် ကျောင်းသားများ တိတ်ဆိတ်လျက် ဖြေဆိုလျက်ရှိကျသည်။
တစ်ဖတ်တွင်လည်း ဝမ်ခယ်းရဲ အဖေဖြစ်သူ ထန်ကျန်းမှာ သုသေသနပညာရှင် ဖြစ်သည့်အပြင် လူသတ်ရမှာကိုပင် ဝန်မလေး။ပိုက်ဆံရဖို့အရေးသာမြင်တက်သည်။အခု အိမ်မှာ ထန်ကျန်းတစ်ယောက်
"စောက်...ဒီမိုးကတော့ကွာ..ငါ့သားတွေစာမေးပွဲဖြေမှရွာရတယ်...တစ်ခြားအချိန်တွေသွားရွာပါလား..."
လို့ အော်ဟစ် ကျိန်ဆဲနေတော့သည်။ယနေ့ကျောင်းတွင် ရွယ်ကျုချင်တို့ ဝမ်ခယ်းနဲ့ ဖြစ်တဲ့ပြသာနာကို ဝမ်ခယ်းရဲ့အဖေဖြစ်သူ ထန်ကျန်းမသိသေးလို့။သိများသာသိရင် မိုးတောင်မီးတက်နိုင်မလားဘဲ။ယခု စကားကိုဟိုပြောဒါပြော ပြောရင်းနဲ့ပင် ရုတ်တရက်
"အဖေ....အဖေ..."
လို့ အနောက်မှ ခေါ်လိုက်သည့် ထန်ကျန်းရဲ့သား ဝမ်ခေးဖြစ်နေတော့သည်။
"သား..စာမေးပွဲ ပြီးပြီလား...ဖြေနိုင်ခဲ့ရဲ့လား"
လို့ ထန်ကျန်းသူ့ရဲ့သား ဝမ်ခယ်းကိုအတင်းမေးနေတော့သည်။သူ့သားက သူ့အဖေမေးတာကိုမဖြေဘဲ
"အဖေ...သားဒီနေ့အာ့ကောင် တွေကို မကျေနပ်ဘူးလုံးဝမကျေနပ်ဘူး...မျိုးမစစ်ကောင်တွေ"
လို့ အော်ကြီးဟစ်ကျယ်ပြောလိုက်မိသည်။
"မင်းကို ဘယ်သူတွေအနိုင်ကျင့်ကျ ရဲတာလဲ အဖေကိုပြောစမ်း ငါကိုယ်တိုင် သွားသတ်ပစ်မယ် ပြော"
လို့ ဒေါသထွက်သော အသံဖြင့် ကျိန်းမောင်းလိုက်ကာ သူ့သားအား မေးလို့နေသည်။ဝမ်ခယ်းကလည်း
"ဒီနေ့အဖေ ကျောင်းမှာ သားတို့စာမေးပွဲဖြေဖို့အခန်းထဲဝင်တာ သားကို ရွယ်ကျူချင်တို့ အဖွဲထဲက လူတစ်ယောက်က ဝင်တိုက်လိုက်တယ်။ သားက တစ်ယောက်တည်းဆိုတော့ သူတို့ကအဖွဲ့လိုက်ဝိုင်း အနိုင်ကျင့် ပြောဆိုတယ် သားမကျေနပ်ဘူး"
လို့ပြောလိုက်သည်။အဖေဖြစ်သူ ထန်ကျန်းကလည်း
"မင်းရဲ့ အပေါင်းအသင်းဘော်ဒါတွေရော မင်းဘေးနားမှာမရှိဘူးလား"
"မရှိဘူးအဖေ အစကရှိတယ် သူတို့လည်းစာမေးပွဲတစ်ခြား အခန်းကို သွားဖြေရတာဆိုတော့"
"ထားလိုက်ပါ..စာမေးပွဲပြီးမှ သူတို့ကို ကောင်းကောင်းသင်ခန်းစာပေးရမယ် အခုတော့ငါ့သား ....ခဏလွှတ်ပေးထားလိုက်"
လို့ ကြောက်မန့်ဖွယ်ရာ အံကြိတ်သံကြီးနဲ့ ပြောလိုက်တော့သည်။
အချိန်တွေကလည်း တစ်ဖြည်းဖြည်းကုန်တာမြန်လာသည်နှင့် အမျှ ကျောင်းသားကျောင်းသူတိုင်း ရဲ့စာမေးပွဲလည်း နောက်ဆုံးနေ့သို့ ရောက်ရှိကာ ပြီးနေစမြဲ ဖြစ်သည်။
ကဲ့ဒီနေ့တော့ ရာသီဉတုလေးက သာယာသည်နှင့်အမျှ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေပြီးသောကြောင့် အကုန်လုံးကျောင်းဝန်းထဲမှာ အချင်းချင်း အဆင်ပြေလားလို့ မေးမြန်းနေကြသည်။ မိုးမခသစ်ပင်ကြီးအောက်မှာ ရပ်စောင့်နေသော ရွယ်ကျူချင်၊ ဟော်လန် ၊ဟိုင်းရှီနဲ့ စုန်လယ်ဟန် တို့လေးယောက်ကို ပင်ကီတစ်ယောက် တွေ့လိုက်ရသည်။
"ဟေးးပင်ကီရေမြန်မြန်လာ ဒီနေ့ငါတို့အောင်ပွဲခံမဲ့နေ့နော် "
လို့ ဟိုင်းရှီတစ်ယောက် လှမ်းအော်ပြောလိုက်သည်။ပင်ကီအနောက်မှာ ကပ်ပါလာသော နျန်နျန်နဲ့ ဟောင်ဇီဂွမ် တို့ကလည်း
"ဟေးးးနင်တို့ကလည်း အောင်ပွဲခံဖို့ပဲပြောနေ ငါတို့ကို ဖြေနိုင်လားတောင်မမေးဘူး ကောင်စုတ်တွေ"
"အေးကွာ"
လို့ နျန်နျန်နဲ့ ဟောင်ဇီ တစ်ယောက် အတိုင်အဖောက်ညီနေလိုက်တော့သည်။ရွယ်ကျူချင်က လည်း
" မင်းတို့ ငါတို့တွေအားလုံးက စာတွေ ရနေကြပြီးသားလေ ဘာခတ်တာမလို့လဲ"
လို့ မျက်လုံးပင့်ပြီးပြောလိုက်သည်။ဟော်လန်ကလည်း
"ကဲ့ အားလုံးဖြေနိုင်ရင် ဒီနေ့ငါတို့ စုန်လယ်ဟန် အိမ်မှာ ပါတီကျင်းပမယ် ပြီးတော့ ခရီးသွားဖို့ နေရာကိုလည်း သေသေချာချာစဉ်းစားရမယ်"
လို့ ပြောပြလိုက်သည်။အားလုံးကလည်းသဘောတူကျကာ ကိုယ်စီအိမ်အသီးသီးပြန်ကျပြီး အိမ်ကမိဘများကို ဖြေနိုင်ကြောင်း သွားပြောဆိုကြတော့သည်။
သို့ပေမဲ့ သူတို့ကို တစ်ချိန်လုံးစောင့်ကြည့်နေသော လူတစ်အုပ်စုကို ကား မည်သူမျှသတိမထားမိပေ။သိုပေမဲ့ သတိအမြဲတမ်းရှိသော ဟိုင်းရှီက သူတို့လုပ်ပုံကိုင်ပုံ ပြောဆိုပုံတွေကိုတစ်ယောက်ယောက် နောက်ယောင်ခံနေတာကိုတော့ ရိပ်မိပါသည်။သို့သော်မည်သူနည်း။ခရီးကရော ပျော်ရွှင်စရာဖြစ်ပါ့မလား။အနှောက်အယှက်တွေလားဆိုတာကို နောက်လာမဲ့ အပိုင်း၃ မှာ စိတ်ဝင်တစားဖတ်ရှု့ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။
