သစ္စာကမ်းလက်၏ ၅၉ ကြိမ်မြောက် လစဥ်ကုသိုလ်တော် 🙏🙏🙏 🙏🙏🙏 🙏🙏🙏… — မောင်ဆူးလှည်း — TG.ME

သစ္စာကမ်းလက်၏ ၅၉ ကြိမ်မြောက် လစဥ်ကုသိုလ်တော်

🙏🙏🙏        🙏🙏🙏        🙏🙏🙏

သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ် ခုနစ်ပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၈ ပါး) တို့ကို ၅၉ ကြိမ်မြောက် လစဉ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ကျောက်ကပ်ဝေဒနာရှင်တစ်ဦးကို ကျပ် ၃၀၀၀၀ အပြင် ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းအမျိုးသမီး ၂၅ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၅၉ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ အခု စက်တင်ဘာလအတွက် လှူဒါန်းပြီးဖြစ်ပါတယ်။

သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာ ချမ်းသာပါစေ။

ဒီနေ့ကစ စက်တင်ဘာ တစ်လလုံး၊ ၂၀၂၆ လက်ကျန် တစ်နှစ်လုံး ကံထူးပြီး မြန်မာထီ၊ စင်ကာပူထီ၊ ထိုင်းထီ (ချဲ) စတဲ့ နိုင်ငံတကာထီဆု ကြီးကြီးတွေ အကုန်ကံထူးကာ လက်ရှိဘဝအခြေအနေထက် ပိုမိုမြင့်မားတဲ့ဘဝကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျ

  🙏🙏🙏

ဖြိုးဝေ
သစ္စာကမ်းလက်
၁. ၉. ၂၀၂၆

#သစ္စာကမ်းလက်အလှူစဥ်_၂၂_၂၀၂၆
#စုစုပေါင်းအလှူငွေ၁၀၄၀၀၀၀
❤30👍26🙏3🕊1
September 1, 2026 554