လက်နက်ကိုင် ခြောက်ယောက်လောက်က အမျိုးသမီးကြီးတစ်ယောက်ကို… — မောင်ဆူးလှည်း — TG.ME

လက်နက်ကိုင် ခြောက်ယောက်လောက်က အမျိုးသမီးကြီးတစ်ယောက်ကို ဓားနဲ့ခုတ်သတ်နေတဲ့ မူဗီကို စတင်တာက ကချင်အကောင့်တစ်ခု။ သူက ဝါရာဇွပ်က လုပ်တာဆိုပြီး စတင်တာ။ အဲဒီကနေ ပြန့်သွားတာပေါ့။

မနေ့ညက အဲဒီမူဗီမြင်မြင်ချင်း သတိထားမိတာက "စကားမပေါနဲ့"ဆိုတဲ့ လေသံရယ်၊ တောင်းပန်နေတဲ့ အဒေါ်ကြီးရဲ့ သနပ်ခါးပါးကွက်ကြားလိမ်းထားတဲ့ အသွင်ရယ်၊ မြောက်ရွာဘက်ကို အကြွေးသွားပေးတယ်ဆိုတာရယ်၊ ပြောနေတဲ့သူအကုန်က အညာလေသံဖြစ်နေပြီး တနိုင်းဘက် ရှဒူးဇွပ်က ကချင် လေသံမဟုတ်တာရယ် တန်းပြီး သတိထားမိလိုက်တယ်။

ပြီးတော့ နေ့ရှိသရွေ့ KIA နဲ့ KPDF တွေ PDF တွေနဲ့တိုက်ပွဲဖြစ်နေတဲ့ ဆယ်နှစ်ကျော်သက်တမ်းရှိ ဝါယာဇွပ်က ကိုယ်မြင်မိသလောက်ဆို သေနတ်တွေအကောင်းစား၊ စစ်ဝတ်စုံပြည့်နဲ့ နေကြတာ။ အခု လူသတ်အဖွဲ့က ပစ္စတိုလို့ ယူဆရတဲ့ သေနတ်တစ်လက်ပဲပါတာမြင်ရတယ်။

မူဗီအရကို တနိုင်းဘက်က ကချင်ပြည်သူ့စစ် ဝါရာဇွပ် မဟုတ်နိုင်ဘူးဆိုတာ ကိုယ် သိသလို ဝါယာဇွပ်ကလည်း ဒီလို ဖုန်းစုတ်၊ ဒီလို အညာသံက အညာမှာဖြစ်တာလို့ ဒီနေ့ဖြေရှင်းချက်ထုတ်တယ်။

https://t.me/MT_News_Media/96774

ထားပါတော့ အပေါ်က စကားစပ်ပြန်ကောက်ရရင် အဒေါ်ကြီးမ သေခင် လူသတ်သမားတစ်ယောက် ပြောတဲ့ စကား " ခင်ဗျား စကားမပေါနဲ့"ဆိုတာ။ အဲဲဒီစကားက အညာလေသံ။ အညာသားတွေပဲ သုံးတယ်။ မန္တလေး၊ စစ်ကိုင်း၊ မကွေး ဒီဒေသတွေရဲ့ ဒေသိယ စကား။

နောက်တစ်ချက် မြောက်ရွာကို အကြွေးတစ်ခါပဲ သွားပေးဖူးတယ်လို့ ပြောတာ။ မြောက်ရွာဆိုတဲ့နာမည်နဲ့က ဝန်းသို၊ သီပေါ၊ ဘီးလင်း၊ ရွှေကူမှာ ရှိတယ်။ ဒီမှာ အညာသားတွေရဲ့ လေသံဖြစ်နေတော့ သီပေါရယ်၊ ဘီးလင်းရယ်၊ ရွှေကူရယ် ဖယ်လိုက်ရင် စစ်ကိုင်းက ဝန်းသိုပဲ ကျန်တော့တယ်။

အဲဒီ အဒေါ်ကြီးကိုသတ်ပြီး ဘေးက မြစ်ထဲ အလောင်းဆွဲချလိုက်တယ်မဟုတ်လား။ အဲဒီ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာအုပ်စုက မြောက်ရွာကလည်း မူးမြစ်နဲ့ ဒေါင်းမြူးချောင်း ဘေးမှာရှိတယ်။

ဒီတော့ ကျွန်တော့် တွက်ဆချက်က ဒီလူသတ်မှုဖြစ်စဥ်က ကချင်ရှဒူးဇွပ်လို့ မထင်ဘူး။ ဝန်းသိုမြောက်ရွာက အညာလက်နက်ကိုင်တွေလို့ထင်တယ်။

မှုန်ဝါးနေတဲ့ဖုန်းရယ်၊ အဒေါ်ကြီးသတ်ပြီး အလောင်းဖျောက်ဖို့ လက်တုန်နေလို့ ဒီအလုပ်လုပ်ရင် လူသေ မကြောက်ရဘူးပြောနေတဲ့အသံရယ်၊ ဓားရှည်တွေရယ် ပေါင်းရင် ဒီဖြစ်စဥ်ဟာ အခုလတ်တလောမဟုတ်ဘဲ PDF တွေ စဖွဲ့ပြီး တစ်နှစ်ကျော်၊ နှစ်နစ်လောက်က ဖြစ်မယ်။

လတ်တလော KIA ဘက်မှာ ဝါယာဇွပ်ကြောင့် အထိနာနေလို့ အပုပ်ချဖို့ ကချင်အကောင့်တစ်ကောင်က တင်လိုက်ပေမဲ့ လေသံနဲ့ အသွင်အပြင်တွေက ကချင်ပြည်သူ့စစ်လေသံ မပေါက်သွားတာ သတိမထားမိလိုက်ဘူးထင်တယ်။

ဒါက ကျွန်တော့် ကောက်ချက်ပါ။
Telegram
MT News _ Myanmar Transparency
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အမျိုးသမီးကြီးတစ်ဦးအား လက်နက်ကိုင်များ ဝိုင်းဝန်းသတ်ဖြတ်နေသောရုပ်သံမှာ ဝါရာဇွပ်သတ်ဖြတ်ခြင်းမဟုတ်ကြောင်း ငြင်းဆို၊ ဝတ်ပုံစားပုံနှင့် လေသံမှာ အညာဒေသ ပုံစံဖြစ်ဟုပါ ပြော နေမိုး ၁၈. ၆. ၂၀၂၆ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အမျို…
1👍211❤42😡11😱4🏆1
August 18, 2026 5.9K 17