ပြည်သူများ မနှစ်မြို့မှုကြောင့် YBS ယာဥ်စီးခ ၅၀ ရာခိုင်နှုန်း တိုးကောက်မည့်လုပ်ရပ်အား YRTC ပြန်လည်ပယ်ဖျက်
သက်တံ့
၁၆. ၈. ၂၀၂၆
လာမည်စက်တင်ဘာ ၁ ရက်တွင် YBS ယာဥ်စီးခအား ၅၀ ရာခိုင်နှုန်း ခုန်တက်ကာ ယာဥ်စီးခ ကျပ် ၆၀၀ ကောက်ခံရန် ကြံရွယ်ထားမှုအား ပြည်သူများ မနှစ်မြို့ ကန့်ကွက်မှုကြောင့် ပြန်လည် ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
"YBS ယာဉ်စီးခတိုးမြှင့်ရန်ကြေညာခြင်းအားပယ်ဖျက်ထားပါကြောင်းကြေညာအပ်ပါသည်။"ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ကြေညာခဲ့သည်။
YBS ယာဥ်စီးခများမှာ ၂၀၂၁ က ကျပ် ၂၀၀ သာ ရှိခဲ့ရာမှ၊ ၂၀၂၂ တွင် ကျပ် ၃၀၀၊ ၂၀၂၄ တွင် ကျပ် ၄၀၀ သို့ တိုးကောက်ခဲ့သလို ယခု စက်တင်ဘာတွင် လက်ရှိ ကျပ် ၂၀၀ ပေးနေရသည့် မြို့ပတ်ယာဥ်စီးခကို ကျပ် ၃၀၀ နှင့် ကျပ် ၄၀၀ ပေးရသည့် ယာဥ်စီးခကို ကျပ် ၆၀၀ သို့ ခုန်တက်ရန် ရန်ကုန်တိုင်းအစိုးရရှယ်ယာပါသည့် YBPC နှင့် YUPT တို့က တင်ပြခဲ့ခြင်းဖြစ်ပြီး အကြောင်းပြချက်မှာ မော်တော်ယာဥ်ပစ္စည်းအပိုလဲလှယ်ကုန်ကျစရိတ်များ စျေးနှုန်းကြီးမြင့်လာသောကြောင့် ဖြစ်သည်။
ထိုအခြေအနေတွင် YBS စီး ပြည်သူအများစုမှာ ကျပ်တည်းနေမှု၊ Omni Focus ကဲ့သို့ယာဥ်လိုင်းများ YPS စက်မပါမှုအပြင် အခြား ယာဥ်အချို့ စက်ပိတ်ထားမှု၊ ကျပ် ၆၀၀ ကောက်ခံသဖြင့် အကြွေ အဆင်မပြေမှုများကြောင့် ယာဥ်စီးခ ကျပ် ၆၀၀ တိုးမပေးရန် လှုံ့ဆော်မှုများရှိခဲ့ပြီးနောက် YRTC က ယခုကဲ့သို့ ယာဥ်စီးခ တိုးကောက်မည့်ကိစ္စအပေါ် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
"၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် YBS ခရီးသည်တင်ယာဉ်စီးခကို စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ တိုးမြှင့်ရန် ကြေညာခြင်းအား ယနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့မှ ပြန်လည်ပယ်ဖျက်လိုက်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် ကြေညာအပ်ပါသည်။"ဟုလည်း ဦးလျန်ကျင့်မန်က ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ခေါင်းစဥ်ဖြင့် ထုတ်ပြန်ပေးခဲ့သည်။
◾️ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=143956
#YBS #ယာဥ်စီးခ #YUPT #YBPC #ဘတ်စ်ကားခ #တိုးမြှင့် #ကောက်ခံ #MT #mtnews #MyanmarTransparency
Forwarded fromMT News _ Myanmar Transparency

1
167
42
6
2
167
42
6
2August 16, 2026 5.6K 3