ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ယနေ့ အသိပေး
◾ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၅၄၀၀၀၀ ကျော်သာရှိပြီး ဘင်္ဂါလီတစ်သန်းကျော် ထွက်ပြေးဟု ပြောဆိုမှုများ မှားယွင်းဟုပါ ပြော
◾ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူများ စာရင်းအဖြစ် ၈၂၈၈၂၄ ဦး စာရင်းပေးပို့ခဲ့ရာ ၄၂၆၅၄၅ ဦးအား စိစစ်ခဲ့ပြီးဖြစ်ပြီး စိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အထောက် အထားတွေ့ရှိသူ ၃၀၈၇၉၇ ဦးနှင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄၂၄၁ ဦးသာ တွေ့ရှိ
သတိုး
၁၅. ၈. ၂၀၂၆
ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ရှင်းလင်း အသိပေးသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိစခန်းများတွင် နေထိုင်လျက်ရှိသူများနှင့် ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံ ပုံဖော်ရေးသားလျက် ရှိကြသည်။ ယင်းသို့ ရေးသားထုတ်ဝေ၊ ထုတ်လွှင့်ပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ်အခြေခံလျက် တစ်ဖက်စောင်းနင်း ရေးသားပြောဆိုနေကြခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ကို ရှင်းလင်း ဖော်ပြလိုသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှင်းလင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများနှင့် ပတ်သက်သည့် အဖြစ်မှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် အာဆာအကြမ်းဖက်အဖွဲ့က လူအင်အား၊ လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို တစ်ပြိုင်နက်တိုက်ခိုက်မှုများ၊ ထပ်တိုးတိုက်ခိုက် မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တပ်မတော်က အကြမ်းဖက် နှိမ်နင်းမှုစစ်ဆင်ရေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရသည်။ အာဆာ အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်တိုက်ခိုက်မှုကြောင့်ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့ ထွက်ပြေးကြရပြီး ဘင်္ဂါလီ အမြောက်အမြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသီးသီး နေရပ်စွန့်ခွာ သွားခဲ့ခြင်းဖြစ်ပါသည်။
မှတ်တမ်းများအရ အာဆာအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် မတိုင်မီ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ရှိ ဘင်္ဂါလီ လူဦးရေမှာ ၇၄၀၀၀၀ ကျော်ရှိခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါလီ လူဦးရေ၂၀၀၀၀၀ ကျော် ကျန်ရှိနေထိုင်လျက်ရှိသဖြင့်၊ ဘင်္ဂါလီလူဦးရေ ၅၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းစိစစ်ချက်အရ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ (၁)သန်းကျော်ရှိသည်ဟု ပြောကြားနေမှုများမှာ မှားယွင်း ....
◾ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=143822
#ရခိုင် #ဘင်္ဂလီ #ARSA #အကြမ်းဖက် #ဒုက္ခသည် #လှေစီးဒုက္ခသည် #လုံခြုံရေးအခြေအနေ #တိုးတက် #ပြန်လည်လက်ခံမည် #နေရပ်စွန့်ခွာသူများ #နေထိုင်ဖူးကြောင်းအထောက်အထား #ဘင်္ဂလားဒေ့ရှ် #MT #mtnews #MyanmarTransparency
Forwarded fromMT News _ Myanmar Transparency

126
14
2
1August 14, 2026 3.8K 2