ဒီ့နောက်ပိုင်း သရော်လှောင်ပြောင်တဲ့ မီဒီယာအတုတွေ ထောင်လာတာ တော်တော်အခြေအနေဆိုးတယ်။
ဒီပုံမှာဆို Satire News Media လို့ သေးသေးလေးထည့်ထားပြီး လူတွေကို အမြင်စောင်းအောင် သတင်းအတုနဲ့ လှည့်စားထားတယ်။
ဒီလိုသတင်းအတုတွေ ဖောင်းပွလာတော့ ထိခိုက်မှုတွေကို ကနဦးတွက်ဆရင်ကို အချက်သုံးချက်လောက် တန်းမြင်ရတယ်။
ပထမအချက် ဒီမီဒီယာတွေက အစိုးရနဲ့ အစိုးရထောက်ခံသူတွေကို ဦးတည် တိုက်ခိုက်တယ်။ ဒီမှာ အစိုးရကို မကြိုက်တဲ့ လူတွေက သရော်စာလား။ သတင်းအတုလား။ လှောင်ထားတာလား မခွဲခြားတော့ဘဲ လူကြားထဲမှာ ပေါက်ပန်းလေးဆယ်ဖြန့်တယ်။ ဒီတော့ သတင်းအတုတွေက လူကြားထဲမှာ ကြောက်စရာဖြစ်လာတယ်။
ဒုတိယအချက် လူကြားထဲမှာ ကြောက်စရာဖြစ်လာတော့ လက်နက်ကိုင်တာကို ပိုထောက်ခံပြီး အသိဉာဏ်နည်းတဲ့ ပြည်သူတွေကြားမှာ ဒီအစိုးရက ဒီလွှတ်တော်က ဒီလူတွေက ဒီလိုပါဖြစ်လာပြီး နိုင်ငံ ပိုပျက်ဖို့ တွန်းအားပေးလာတာမျိုး ပိုမြင်လာရတယ်။ ဘတ်စ်ကားတွေ ဆိုက်ကားတွေစီးတဲ့အခါ တက်စီတွေစီးတဲ့အခါမှာ အဲဒီလို လူတွေရဲ့ အသိဉာဏ်ကို အခြေခံလူတန်းစားအများစုရဲ့ အသိဥာဏ်ကို ဒီလို သတင်းအတုတွေက ၉၉ ရာခိုင်နှုန်းလောက် ဖုံးလွှမ်းထားတာ တွေ့ရတယ်။
တတိယအချက် ပိုဆိုးတာက ဒီလို သတင်းအတုတွေကို ယုံကြည်ရလောက်တဲ့လူတွေက ဟာသလိုလို အတည်လိုလိုနဲ့ ပြန် Share တဲ့အခါ သူတို့ကို ယုံကြည်တဲ့သူတွေက မဆန်းစစ်တော့ဘဲ ပစ်ယုံလိုက်တဲ့အခါ အသိဉာဏ်မဲ့ လူတန်းစား ပိုကြီးထွားလာတယ်။
ဒါတွေဟာ Failed State မဖြစ်ဖို့ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံအတွက်တော့ တော်တော့်ကို အန္တရာယ်ကြီးတဲ့ Miss Information ဖြစ်လာနေတယ်။
225
37
16
1
1August 14, 2026 3.8K 4