ရေဘေးမှာ အညာမကူလို့တဲ့။ အညာဆိုတဲ့နေရာမှာ မြို့ပေါ်တွေတော့… — မောင်ဆူးလှည်း — TG.ME

ရေဘေးမှာ အညာမကူလို့တဲ့။ အညာဆိုတဲ့နေရာမှာ မြို့ပေါ်တွေတော့ တစ်နိုင်ကူကြပါတယ်။ မကူနိုင်တာက PDF ရှိနေတဲ့ နေရာတွေပါ။

ကျွန်တော် ကင်းမရွာမီးလောင်မှုတုန်းက သုံးသိန်းလှူဖူးပါတယ်။ လှူပေးသူက သူလှူတဲ့ပုံတချို့ ပြန်ပြတာကလွဲရင် အတင်လည်းမခံ၊ သူလှူကြောင်းလည်း လူသိမခံရဲ မပြောရဲပါဘူး။

ကင်းမရွာဆိုတာ နည်းနည်းကြာသွားပါပြီ။ ပထမဆုံးမီးရှို့ခံရတဲ့ရွာဖြစ်မလားဘဲ။ PDF တွေ မီးရှို့ပြီး တပ်ကိုပုံချ။ တပ်နဲ့ပက်သက်တဲ့သူတွေဆီက PDF တွေရှို့ကြောင်း သက်သေတွေထုတ်ပြ၊ သတင်းတွေ ထုတ်ပြန်တော့မှ ငြိမ်သွားတဲ့ရွာ။ ဆိုတော့ အဲဒီလို PDF အားမကောင်းခင်ရွာတောင်မှ ပရဟိတသမားအစစ်တွေ၊ လှူသူတွေက ကြောက်ပါတယ်။

ဟိုးတလောက ပခုက္ကူမြောက်လူးကန်ရွာ မီးလောင်ပါတယ်။ မြောက်လူးကန်ဆိုတာ ကျွန်တော်တို့ငယ်ငယ်က စက်ဘီးနဲ့ သွားဆော့တဲ့ရွာပါ။ မြို့လယ်နဲ့ သုံးလေးမိုင်လောက်ပဲ ဝေးတာမို့ အခုလို ဆိုင်ကယ်ခေတ်မှာ တစ်ဆက်တည်းလို့ ပြောလို့တောင်ရတဲ့အခြေအနေမျိုးအထိ နီးသွားပါတယ်။

အဲဒီလိုနေရာမှာ မီးလောင်တာကိုတောင် ပခုက္ကူက ပရဟိတအဖွဲ့တွေ သွားမလှူရဲပါဘူး။ ကျွန်တော့် သစ္စာကမ်းလက်က ဆယ်သိန်းလှူတာတောင် အသိအကိုကတစ်ဆင့် မြောက်လူးကန်ဇာတိဆရာတော်တွေနဲ့ ချိတ်ဆက်လှူရတာပါ။

ပြောချင်တာက နယ်တွေဘက်မှာ PDF တွေက သူတို့ပိုင်နက်ထဲရောက်လာတာနဲ့ ဘယ်လိုလူဖြစ်ဖြစ် ဒလန်၊ သူလျှို၊ ထောက်လှမ်းရေးစပိုင်ဆိုပြီး တံဆိပ်မျိုးစုံကပ်ဖမ်းပါတယ်။ ဘာတစ်ခုမှ သက်သေမတွေ့ရရင်တောင် ပြန်ပေးဆွဲ ငွေညှစ်ပါတယ်။ မပေးနိုင်ရင် နှိပ်စက်သတ်ဖြတ် အစဖျောက်ပါတယ်။ ဒါက အရှိတရားပါ။ ဒါကြောင့်လည်း ပြည်သူတွေ ဘယ်လောက်ဒုက္ခ​ရောက်ရောက် PDF ထကြွသောင်းကျန်းနေတဲ့နေရာတွေ ပရဟိတသမားအစစ်တွေက မသွားရဲ၊ ပြည်သူမလှူရဲတာပါ။ သွားရဲလှူရဲတယ်ဆိုတဲ့ ပရဟိတသမားတွေကလည်း PDF ထောက်ပို့တွေ၊ မြေပြင်က ပသုံးလုံးတွေနဲ့ ချိတ်ပြီးမှ သွားရဲကြတာပါ။ ဒါတောင် အဖွဲ့များလွန်းတဲ့နေရာတွေ မလုံခြုံပါဘူး။ တစ်ဖွဲ့ကို မူတစ်မျိုးပါ။ PDF ရော၊ LPDF ရော ကြီးစိုးနေရင် ပိုဆိုးပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းက နီးနီးလေးပါ။ မင်းကွန်းကလည်း မဝေးပါဘူး။ ဒါပေမဲ့ မင်းကွန်းကျော်ပြီး ဆက်သွားရင် ဘယ်သူမှ တာဝန်မယူနိုင်ပါဘူး။ ဒါက ဒေသခံတိုင်းသိတဲ့ Open Secret ပါ။

အဲဒီလိုပဲ နယ်တွေမှာ မြို့ပေါ်ပဲ လုံခြုံပြီး မြို့နယ်နိမိတ်ကျော်တာနဲ့ လက်ထဲသေနတ်ကိုင်ထားပြီး ဘာမှ ဦးနှောက်မရှိတဲ့ ပသုံးလုံးနဲ့ တိုးပြီဆိုတာနဲ့ အသက်ရော ငွေကြေးရော အာမခံချက်မရတော့တဲ့အပြင် သတ်ဖြတ် ဆက်ကြေးတောင်းပြီးရင်လည်း ဒလန်၊ သူလျှို၊ ထောက်လှမ်းရေးစပိုင်ဆိုပြီး တံဆိပ်ကပ်လွှတ်လိုက်ရင် ခံရသူက မိအေး ဆယ်ခါလောက်နာပြီး ခံရကြောင်းတောင် မပြောရဲ၊ မအော်ရဲတာကလည်း ပကတိအရှိတရားပါ။

ဒီလိုမျိုး လက်နက်ကိုင်ထကြွသောင်းကျန်းနေတာ အံကြိတ်ခံ ထောက်ခံနေပြီး ဘေးဒုက္ခရောက်မှ ငါတို့ကြ မလှူကြဘူးလားဆိုပြီး အော်နေကြတာမျိုးကလည်း မှန်ကန်တဲ့အခြေအနေတော့မဟုတ်ဘူး။ PDF မရှိတဲ့ ဧရာဝတီက လှူသူကယ်သူ ပုံအောနေချိန်မှာ PDF နဲ့ AA ဒဏ် ခံနေရတဲ့ ရခိုင်နဲ့ အညာ ဘယ်လို ခံနေရသလဲ ခေါင်းသုံးမစဥ်းစားနိုင်ရင်တောင် မျက်စိဖြဲကြည့်လိုက်။ ထင်းထင်းကြီးမြင်ရလိမ့်မယ်။
👍276❤48👏14💯8🙏2🤓1
August 13, 2026 4.9K 9