ဦးတင်ထွန်းကို ဖမ်းမိခြင်း
ဇူလိုင် ၁၃ ရက်က ထမင်းစားသွားရင်း အသက် ၇၂ နှစ်အရွယ် ဆိုက်ကားဆရာကြီး ဦးတင်ထွန်းအကြောင်း ရေးလိုက်တော့ မအေးငြိမ်းသူက ဦးတင်ထွန်းကို ၅၀၀၀၀ လှူပေးပါဆိုပြီး အလှူငွေလွှဲပေးတယ်။
https://www.facebook.com/share/p/1Ehnnz6Dht/
အဲဒါနဲ့ နေ့လယ်ဘက် ထမင်းစားချိန်၊ ရုံးဆင်းချိန်၊ ရုံးပိတ်ရက်တွေ လှူဖို့သွားရှာတာ ဆယ်ခေါက်လောက်ရှိတယ်။ မတွေ့ဘူး။ အဲဒါနဲ့ ဒီနေ့တော့ နေလည်းပွင့်တာနဲ့ ထိုင်စောင့်မယ်ဆိုပြီး ထမင်းစားပြီးတာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဆိုင်ထဲကနေ ကြည့်နေတာ။ ထိုင်ခါစပဲရှိသေးတယ် ဦးတင်ထွန်းက လမ်းတစ်ဖက်ခြမ်းမှာ တစ်ယောက်တည်း ဆိုက်ကားလေးနင်းလာပြီး ရောက်လာရော။ ကျွန်တော်ကြည့်နေတာ မိနစ် ၂၀ နီးပါး။ သူက လာတဲ့သူတွေ သွားမလားမေးလိုက်။ သူ့အသက်အရွယ်ကြည့်ပြီး မလိုက်ကြလိုက်၊ ငယ်တဲ့ရွယ်တဲ့သူတွေ ဆိုက်ကားနင်းနေတာကို သူ လိုက်ကြည့်လိုက်နဲ့။
ခဏနေတော့ လက်ဖက်ရည်သောက်ပြီး သူ့ဆီသွားမေးတော့ မှတ်မိလားဆိုတော့ မှတ်မိတယ်တဲ့။ လိုက်ပို့မယ်ဆိုပြီး လိုက်ပို့တော့ သူ့ဆိုက်ကားက လက်ကိုင်တစ်ဖက်ကျိုးလို့။ သူ့ဘာသာပြင်ရမှာတဲ့။ အုံနာပြင်မပေးဘူးတဲ့။ ဂဟေတို့ရမှာ ၅၀၀၀ လောက်ကုန်မှာတဲ့။ လိုက်ပြင်ပေးမယ်ဆိုတော့ မီးပြတ်နေတယ်တဲ့။ ရှေ့ရက်က မိုးရွာနေရင် လူမထွက်လို့တဲ့။ ကြားထဲသူထွက်တော့လည်း ကျွန်တော်နဲ့ မတွေ့တာ။ သူက ဖုန်းလည်း မကိုင်တတ်။
အဲဒါနဲ့ သူ့ကို မအေးငြိမ်းသူလှူပေးတဲ့ ၅၀၀၀၀ ရယ်၊ သစ္စာကမ်းလက်က လှူပေးတဲ့ ၅၀၀၀၀ ရယ်၊ စက်ဘီးပြင်ဖို့ ၁၀၀၀၀ ရယ် ၁၁ မီးငြိမ်းအောင် ၁၀၀၀၀ တန် ၁၁ ရွက် လှူပေးခဲ့ပါတယ်။
မအေးငြိမ်းသူနဲ့ သစ္စာကမ်းလက် အလှူရှင်တွေ ကျန်းမာချမ်းသာဘေးရန်ကွာပြီး အိုခြင်းနာခြင်း ဆင်းရဲကင်းပါစေ။
324
74
65August 1, 2026 5.3K 1 1