ခံစားချက်တွေဟာ အရေးကြီးတယ် ဒါကြောင့် Vocabs သိဖို့က… — Practical English Club — TG.ME

Forwarded fromPEPEC Education
ခံစားချက်တွေဟာ အရေးကြီးတယ် ဒါကြောင့် Vocabs သိဖို့က ပိုအရေးကြီးသွားတယ် ⬇️

You are not your emotionနော်
စိတ်ထဲမှာ “ငါ့ကို နှိမ်တယ်လို့ခံစားရလို့” ဆိုပြီး ပွဲကြမ်းလိုက်ရင် အလုပ်ပြုတ်သွားတယ်။

စိတ်ထဲမှာ English စာသင်ချင်စိတ်ပေါက်လာလို့သင်တန်းအပ်လိုက်တာ ဆက်မတက်ဖြစ်တော့ဘူးဆိုတာရင် ငွေတွေဆုံးရှုံးတယ်။

အဲ့လိုမျိုး စိတ်ထဲက ဘာဖြစ်နေမှန်းဘာခံစားနေရမှန်းမသိဘူး။ ခေါင်းထဲမှာပေါ်လာတဲ့ အရာတွေကို လိုက်လုပ်မိတယ်ဆိုရင် ခံစားချက်တွေကိုရင်မဆိုင်ဘဲရှောင်ပြေးနေမိတယ်ဆိုရင် Emotional Unavailable ဖြစ်နေတဲ့အချိန်လို့ ပြောလို့ရတယ်။

အဲ့လိုမျိုး စိတ်ရှိတိုင်း အရက်တွေသောက်နေတာ၊ သင်တန်းတွေတက်နေတာ၊ မလုပ်ချင်တာတွေလုပ်မိနေတာ၊ လုပ်ချင်တာတွေမလုပ်ဖြစ်နေတာကို ကြုံဖူးတယ်ဆိုရင် ကိုယ့်စိတ်ရဲ့ ထိန်းချုပ်တာကို ခံနေရပြီ။

တစ်ချို့တွေ စိတ်ကို ပြန်စီမံထိန်းချုပ်နိုင်တယ်ဆိုတာ Emotional Intelligence ရှိလို့ပါ။ EQ ကောင်းဖို့ဆိုရင် Emotional Awareness ရှိဖို့အရင်လိုတယ်။ ကိုယ့်စိတ်ကို သတိထားမိချင်တယ်ဆိုရင် ခံစားချက်ကို အရင်သိအောင်လုပ်မယ်။

သိပြီဆိုရင် စိတ်ခံစားချက်တွေတက်လာတာကိုသတိထားမိတဲ့အခါ အဲ့ခံစားချက်ကို နာမည်တပ်ပေးရမယ်။ နာမည်တပ်ပေးလိုက်ပြီးရင် ခံစားချက်ရဲ့ ပြင်းအားက 40% လျော့သွားပါတယ်လို့ပြောတယ်။

ခက်တာက လူတော်တော်များများက သိလည်းမသိနေသလို နာမည်လည်းသေချာမတပ်တတ်ကြဘူး။ Shila လည်း အရင်က Angry, Sad, Happy, Bad ဆိုတာလောက်ပဲ သိတယ်။ တကယ်တော့ Emotion တွေဟာ အသေးစိတ်နာမည်တပ်မယ်ဆို ၁၀၀ ကျော်ရှိပါတယ်။

ဒီအတွက် App လေးတစ်ခုတွေ့ထားတယ်။ အခုဆိုရင် ၆ လလောက်ရှိပြီ…

🖤Feelings Wheel Appလေးကို သုံးနေတာ။ တော်တော် အဆင်ပြေတယ်။

သုံးပြီးတိုင်းမှာ Record လုပ်ထားပေးလို့ နေ့တိုင်းစိတ်အခြေနေဘယ်လိုရှိလဲဆိုတာ ပြန်ကြည့်လို့ရတယ်။ နေ့တိုင်းစစ်ဖို့လည်း Remind လုပ်ပေးလို့ နေ့တိုင်းလည်း စစ်ဖြစ်တယ်။

ခံစားချက်ပြင်းထန်တဲ့အချိန်၊ ခံစားချက်ကို သိချင်နေတဲ့အချိန်တိုင်းမှာ သုံးဖို့ အသင့်တော်ဆုံးပဲ။

သုံးနည်းလေးကတော့ ရိုးရှင်းတယ်။
▪️ဒေါထွက်တယ်ဆိုရင် စိတ်ထဲဖြစ်တာက Angry လို့ထင်တယ်ဆိုရင် သူ့ကိုထပ်ပြီး အသေးစိတ်ခွဲလို့ရသေးလားကြည့်ပါ။
▪️ရသေးတယ်ဆိုရင် another feeling of angry ကိုရှာပါ။ Vocabs မသိတာရှိရင် Dictionary ရှာပြီးတော့ ဖတ်ကြည့်ပါ။
▪️အနည်းဆုံးတော့ ခံစားချက်ကို Naming လုပ်တတ်သွားမယ်။
▪️Naming လုပ်တတ်ရင် Taming လုပ်ဖို့ ထိန်းဖို့လွယ်သွားပြီ။

Install လုပ်ထားပြီးတော့ ရေရှည်သုံးမယ်ဆိုရင်
English စာလည်းရ၊
Emotional Awareness လည်းရတယ်။ ဘယ်လောက်တောင် မိုက်လိုက်လဲ။

Download လင့်ကို Comment မှာ ချထားပေးပါတယ်။ သူငယ်ချင်းတွေအတွက်လည်း Post လေးကို ရှဲသွားဦး။

#Feelings_Wheel_App
#Recommendation_of_the_day
#PEC_Education
#You_are_the_light
#Learners_to_Educators
❤5💘1
August 28, 2026 366 2