ဘဝရဲ့ အခက်အခဲတွေကို အကောင်းဆုံး ခွန်အားအဖြစ် ပြောင်းလဲခဲ့ကြတဲ့… — Practical English Club — TG.ME

ဘဝရဲ့ အခက်အခဲတွေကို အကောင်းဆုံး ခွန်အားအဖြစ် ပြောင်းလဲခဲ့ကြတဲ့ စနေနေ့လေး 🍋

Practical English Club ရဲ့ Week 312 မှာတော့ "When Life Gives You Lemons" ဆိုတဲ့ စိတ်ခွန်အားဖြည့် ခေါင်းစဉ်လေးနဲ့အတူ မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေ၊ ကျရှုံးမှုတွေကို ဘယ်လိုအပြုသဘောဆောင် ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

အစီအစဉ်ကို Spider-Man နဲ့ Kung Fu Panda ဇာတ်ဝင်ခန်းလေးတွေကို ကြည့်ပြီး "Speak like an actor" နဲ့ "What happen Next...?" အစီအစဉ်လေးတွေနဲ့ အသံထွက်လေ့ကျင့်ကာ တက်ကြွစွာ စတင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဘဝမှာ ကြုံရတဲ့ Failure တွေဟာ အနာဂတ်ကို ပိတ်ပင်လိုက်တာလား၊ သို့မဟုတ် အသစ်ပြန်စဖို့ အခွင့်အရေးတစ်ခုလားဆိုတာ Case Studies တွေနဲ့ ဖော်ထုတ်ဆွေးနွေးခဲ့ကြသလို "Life may give you lemons, you can still choose what you make with them" ဆိုတဲ့အတိုင်း ဘဝရဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေကိုလည်း အပြန်အလှန် မျှဝေခဲ့ကြပါတယ်။

နောက်အပတ်တွေမှာရော ဘယ်လို စိတ်ဝင်စားစရာ Topic လေးတွေနဲ့ ဆုံတွေ့ကြမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး! 🎉🩵

#Collect_Memories
#Week_312
#Online_English_Conversation
❤3
August 27, 2026 379 1