အလုပ်လုပ်နေတဲ့ လူငယ်လေးတွေနဲ့ စကားပြောကြည့်တိုင်း ဒီလိုလေးတွေ ပြန်ကြားရတယ်။
“ကျွန်တော့ ကို Boss က တမင်ကို သက်သက် ခိုင်းတာ၊ သမီးတို့က လုပ်ရတာနဲ့ ပြန်ရတာနဲ့ လုံးဝမတန်ဘူး” စသဖြင့်ပေါ့။
ဒါလေးက ချစ်တဲ့ မျက်စိနဲ့ကြည့်တော့ ချစ်ဖို့ကောင်းတဲ့ complaint လေးတွေပေါ့။ တစ်ဖက်မှာတော့ ကလေးလေးတွေဆိုလျှင် ဆူချင်စရာလေးလို ဖြစ်နေပြန်ရော။
ဒီနေ့ ကျွန်မ Educate လုပ်ချင်တာက “Attitude” ရဲ့ အရေးကြီးပုံပါ။ “Attitude of Gratitude “က ညီမလေးတို့၊ မောင်လေးတို့ရဲ့ Abundance Currency ပဲ။ AI ကိုလေ့လာတာအရေးကြီးတယ်၊ ဒီလိုပဲ Attitude ကောင်းကောင်းရှိဖို့ကလူတွေနဲ့ အလုပ်လုပ်လျှင် အောင်မြင်မှုကို ပေးနေတဲ့ သော့ချက်ပဲ။
ဒီလိုလေး မြင်ကြည့်ပါ။
⭐️”ငါဟာ ဒီအလုပ်ကနေ လူတွေကို ကူညီခွင့်ရတာ သိပ်ကံကောင်းတယ်”
⭐️”ဒီအလုပ်လေးက ငါ့ရဲ့ ညဏ်စွမ်းကို သုံးခွင့်ရတာ၊ ဒါလေးအားဖြင့် ငါ့ရဲ့လုပ်နိုင်စွမ်းကို မြှင့်တင်ခွင့်ရနေတာပဲ”
⭐️”ငါဟာ စားဝတ်နေရေးကြောင့် ငွေရဖို့ လုပ်နေရတာမှန်တယ်၊ ဒီအလုပ်ဟာ ငါ့ရဲ့ နောက်Level အချိုးအကွေ့အတွက် မှတ်တိုင်လေး တစ်ခုပဲ”
⭐️”သူများကို တစ်ပြားမှ မရလျှင်တောင် ပေးကမ်းရဦးမှာ၊ ငါ့ပိုက်ဆံလေး ပြန်ရတာ ကံကောင်းလိုက်တာ”
“ခေတ်ပျက်ထဲ အချို့ အလုပ်တွေရပြီး စားချင်တာစားနိုင်၊ အိမ်ကို ပေးကမ်းနိုင်” တာလေးတွေမြင်ရတယ်။ သူတို့လေးတွေ အများစုဟာ Attitude ကောင်းတဲ့ လူငယ်လေးတွေ ဖြစ်နေတာ ကို တွေ့ရတယ်။
အမတို့ PEC က Facilitator Team ၊ Training Team က ဆရာမလေးတွေ တအား Mindset လေးတွေ အားကောင်းတယ်။ ဒါကြောင့် ဖြစ်မယ် “အလုပ်ခွင်မှာ နာမည်ရ၊ ရာထူးတွေတိုး၊ လစာတွေလည်း တက်ကြ”တယ်။
အမShiba ဆိုလျှင် Attitude လေးတွေ စောင်းခဲ့လို့ ထိုက်သင့်တဲ့နေရာကို ရောက်ဖို့ နှေးခဲ့တယ်လို့ပဲ ဝန်ခံတော့မယ်။ အခုသိလိုက်တာက
အမတို့ အလုပ်ပဲလုပ်လုပ်၊ ရီးစားပဲထားထား၊ English စာပဲ လေ့လာလေ့လာနေပါစေ..အမတို့ရဲ့ “ကိစ္စရပ်ပေါ်မှာ ခံယူချက်”ဒါက အမတို့ရဲ့ ထိုက်တန်ခြင်းကို ဆုံးဖြတ်ပေးတဲ့ Indicator တစ်ခုပဲ။
ဒါကပဲ
⭐️ရာထူးတိုးသွားလား?
⭐️Task အကြီးကြီးးကို အပ်နှံခွင့်ရလား?
⭐️အချိန်တိုတွင်း English Result ထွက်လား?
⭐️သူများနှလုံးသားထဲမှာ ကိုယ့်နာမည်ရှိလား?
⭐️အလုပ်မှာ ကိုယ့်Brand ကျန်ခဲ့လား?
ဒါကို ဖြစ်စေတယ်။
အမတို့ “နှိမ့်ချစွာ သင်ယူနိုင်ရမယ်။ CEO ဖြစ်လည်း အမတို့ နှိမ့်ချရမယ်၊ Founder ဖြစ်လျှင် ပိုတောင် နှိမ့်ချ ရဦးမယ်”
နှိမ့်ချခြင်းဆိုတာ အလုပ်မှာ သုံးရမယ့် စိတ်ထားတစ်ခုလည်း ဖြစ်တယ်။ သို့သော် Self-worth မရှိလို့ “ကိုယ့်ဟာကို သက်သက် နှိမ်တာတော့ “ မဖြစ်ရဘူး။
⭐️မင်းမှာ အစွမ်းအစတွေ ရှိတယ်။
⭐️မင်းအတွက် ထိုက်တန်တဲ့နေရာဆိုတာ ရှိတယ်။
⭐️မင်းရဲ့ စိတ်နှလုံးက ထူးခြားတယ်။
မင်းရဲ့ Attitude လေးတွေ လွဲနေတာ မင်းမြင်တဲ့အခါ မိမိကိုယ်ကို ဝန်ခံပါ။ သုံးသပ်ပါ။
Attitude တွေ မတည့်နေတာ အကြောင်းအရင်းတွေ ရှိလိမ့်မယ်။ ဥပမာ- မင်း မိဘတွေက လက်ဆင့်ကမ်းတာ မှားနေလို့၊ မင်းနေတဲ့ ဝန်းကျင်က မင်းကို သွတ်သွင်းနေလို့၊ မင်းရဲ့ ဒုက္ခကပေးတဲ့ နာကျင်မှုက မင်းကို ချုပ်ကိုင်ထားလို့..စသဖြင့်။
အဲ့ဒါမကိစ္စဘူး..ညီမလေးတို့..မောင်လေးတို့။
ကိစ္စမရှိဘူး။ ကိူယ်မရွေးချယ်ဘဲ ရလာတဲ့ ထိုအရာတွေအတွက် အပြစ်မတင်နဲ့။
မင်းမှာ ရွေးချယ်စရာတွေရှိတယ်။ မင်းရွေးတာနဲ့ တကယ်ထိုက်တန်သွားမှာကတော့ မင်းရဲ့ “ the way you think “ ပါပဲ။
Postive Attitude ကို ရွေးချယ်တတ်တတ်တဲ့ လူငယ်လေးဟာ မင်း ဖြစ်နေရမယ်။
PEC မှာ Mindset တွေပြုပြင်တဲ့ Volunteer Program လေးရှိပါတယ်။ ကိုယ်ရှိတဲ့ အစွမ်းအစနဲ့ career လမ်းကြောင်းကို stepping stone အနေနဲ့ စမ်းကြည့်ချင်လျှင် လာခဲ့ပါ။
Shiba
Founder Team
#attitude
#educating
#youths
#gratitude
#Volunteerism
#mindset
11August 27, 2026 474 3