(2026)
🔥 Channel
🔥 Movie
Review...
လေယာဉ်ပေါ်မှာ အဖြစ်အပျက်တွေအကုန်လုံး ဇာတ်အိမ်တည်ထားပြီး ကြည့်နေရင်းနဲ့ ရင်တမမဖြစ်စေမယ့် ဇာတ်ကားမျိုး ကြိုက်တတ်လား။ ဒါဆိုရင်တော့ Black Box (2026) ကိုသာ ကြည့်လိုက်ပါ။ Final Destination 5 နဲ့ Into the Storm တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Steven Quale ရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခုပါပဲ။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းက New Orleans ကနေ Seattle ကို ပျံသန်းမယ့် Vero Airlines လေကြောင်းလိုင်းက ခရီးစဉ်အမှတ် ၂၉၈ (Flight 298) အကြောင်းပါ။ သာမန်ပြည်တွင်းခရီးစဉ်လေးတစ်ခုကနေ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားတာကို မြင်ရမှာပါ။
လေယာဉ်ပေါ်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ဆက်တိုက်ဖြစ်လာတယ်။ ပြတင်းပေါက်အပြင်ဘက်မှာလည်း ထူးဆန်းတဲ့ အလင်းရောင်တွေ မြင်နေရတယ်။ နောက်ပိုင်းမှာတော့ သာမန်ချို့ယွင်းချက်မဟုတ်ဘဲ သဘာဝလွန် သတ္တဝါတွေ ဒါမှမဟုတ် ဂြိုဟ်သားတွေရဲ့ ခြိမ်းခြောက်မှုဆိုတာ သိလာရတဲ့အခါ ခရီးသည်တွေ အသက်ရှင်ဖို့ ဘယ်လိုရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။
#peach
#crdreview
#homietv