စာအုပ်လင့်များ: post #8341 — TG.ME

🕵️‍♀️CIA ကို စိန်ခေါ်လာသည့် တရုတ်ထောက်လှန်းရေး MSS နှင့် အမေရိကန် အုပ်ချုပ်ရေးယန္တရားထဲအထိ စိမ့်ဝင်လာသည့် လျှို့ဝှက်ကျူးကျော်မှု

● မှတ်မိကြသေးရဲ့လားမသိဘူး... ကျွန်တော် အရင်က တင်ဆက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး လူသားစပိုင်ကွန်ရက် 'MSS' အကြောင်းကိုပေါ့။ သူတို့ဟာ CIA ထက် လူအင်အားပိုများပြီး နိုင်ငံတကာက နိုင်ငံရေးနယ်ပယ်နဲ့ မီဒီယာတွေကြားထဲအထိ အသံမထွက်ဘဲ ခြေတံလက်တံ ဖြန့်ကျက်ထားတာ ဖြပါ။ အခုတော့ အဲ့ဒီ MSS ရဲ့ ထိုးဖောက်မှုဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က အာကေးဒီးယားမြို့တော်ဝန် အိုင်လင်းဝမ်အထိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ လျှို့ဝှက်လုပ်ဆောင်မှုတွေကြောင့် မနေ့က မေလ ၁၁ ရက်နေ့မှာ အရေးယူခံလိုက်ရပြီး အခုဆိုရင် ထောင်ဒဏ် (၁၀) နှစ်အထိ ကျခံရမယ့် ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။"

● အိုင်လင်းဝမ်ကို ၁၉၆၁ ခုနှစ်၊ ပေကျင်းမြို့မှာ မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အဆင့်မြင့်ပညာသင်ယူဖို့ အကြောင်းပြချက်နဲ့ အမေရိကန်သို့ စတင်ခြေချခဲ့ပါတယ်။ အမေရိကန်မှာ အိမ်ခြံမြေနဲ့ လူမှုရေးလုပ်ငန်းတွေလုပ်ရင်း တရုတ်နွယ်ဖွား အသိုင်းအဝိုင်းကြားမှာ သြဇာရှိသူတစ်ဦးအဖြစ် နာမည်တည်ဆောက်နိုင်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ သူမဟာ အမေရိကန်နိုင်ငံသား ခံယူထားပေမဲ့ သူမရဲ့ မိသားစုနောက်ခံဟာ တရုတ်အဆင့်မြင့်အရာရှိတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေဆဲဖြစ်ပြီး ဒါကပဲ သူမရဲ့ လျှို့ဝှက်ခြေလှမ်းတွေအတွက် အုတ်မြစ်ဖြစ်ခဲ့တာပါ။

● အိုင်လင်းဝမ်ရဲ့ ဇာတ်လမ်းနောက်ကွယ်မှာ MSS ရဲ့ မဟာဗျူဟာတွေ အတိအကျ ပါဝင်နေတာပါ။ သူမဟာ တရုတ်အစိုးရအရာရှိတွေရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ 'U.S. News Center' ဆိုတဲ့ သတင်းဌာနအယောင်ဆောင် Website တစ်ခုကို ထောင်ပြီး တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ခဲ့ပါတယ်။ FBI ရဲ့ စုံစမ်းစစ်ဆေးချက်အရ သူမဟာ စေ့စပ်ထားဖူးသူ မိုက်စွန်နဲ့ ပူးပေါင်းပြီး ဒီကွန်ရက်ကို လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ မိုက်စွန်ဟာ သူမရဲ့ ရွေးကောက်ပွဲမှာ ဘဏ္ဍာရေးမှူးအဖြစ် လုပ်ကိုင်ပေးခဲ့သလို တစ်ဖက်မှာလည်း တရုတ်ထောက်လှန်းရေးတွေဆီက ငွေကြေးနဲ့ ညွှန်ကြားချက်တွေကို ယူဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ အချစ်ရေးကို အသုံးချပြီး နိုင်ငံရေးထဲ စိမ့်ဝင်ခိုင်းတဲ့ MSS ရဲ့ နည်းလမ်းဟောင်းကြီးက အခုထိ ထိရောက်နေဆဲပါ။

● တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီ (MSS) ဟာ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့အဆင့် (၅) နေရာမှာ ရှိခဲ့ပေမဲ့၊ ၂၀၂၆ ခုနှစ်မှာတော့ ဗြိတိန်ရဲ့ MI6 နဲ့ ရုရှားထောက်လှန်းရေးတွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့အဆင့် (၃) နေရာကို ရောက်ရှိလာခဲ့ပါတယ်။ MSS ဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးလျှို့ဝှက်ချက်တွေနဲ့ စစ်ဘက်သုံး အဆင့်မြင့်နည်းပညာတွေကို ရယူရာမှာ နာမည်ကျော်ကြားပြီး ကမ္ဘာ့အကြီးဆုံး လူသားစပိုင်ကွန်ရက်ကြီးကို ဖြန့်ကျက်ထားပါတယ်။ အထူးသဖြင့် စီးပွားရေးအထူးပြုထောက်လှမ်းရေးနဲ့ အရေးကြီးနည်းပညာ အချက်အလက်စုဆောင်းမှုတွေမှာ ခြေလှမ်းအလွန်သွက်လွန်းလှတာကြောင့် တစ်ကမ္ဘာလုံးက မျက်ခြေမပြတ် သတိထားစောင့်ကြည့်နေရတဲ့ အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

● ဒီဖြစ်ရပ်တွေက ကျွန်တော်တို့ကို ပေးတဲ့ သင်ခန်းစာကတော့ တရုတ်အစိုးရရဲ့ လွှမ်းမိုးမှုဟာ အမေရိကန်လို နိုင်ငံကြီးတွေကနေ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံအထိ အမြစ်တွယ်နေနိုင်တာပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာလည်း မြို့တော်ဝန်က တရုတ်နိုင်ငံသားဖြစ်နေတာ ၂နှစ်ကျော်မှ သိလိုက်ရတာ။ ဒါကြောင့် နာမည်ခံ သတင်းဌာနတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပရဟိတ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ ဘယ်သူ့ရဲ့ လက်တံတွေ ရှိနေသလဲဆိုတာကို အမြဲတမ်း သတိထား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

● ဒီလို နိုင်ငံခြားသြဇာလွှမ်းမိုးမှုတွေက မိမိတို့နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားထဲအထိ စိမ့်ဝင်လာနိုင်တဲ့ အန္တရာယ်အပေါ် မိဘပြည်သူတို့အနေနဲ့ ဘယ်လိုမြင်ကြလဲ? အမေရိကန်နဲ့ ဖိလစ်ပိုင်မှာတောင် မြို့တော်ဝန်အဆင့်အထိ ထိုးဖောက်ခံနေရပြီဆိုရင် ကျွန်တော်တို့ဆီမှာရော ဘယ်လောက်အထိ ရောက်နေပြီလို့ ထင်ကြလဲ? တရုတ်ထောက်လှန်းရေး ဘယ်လောက်တော်လဲ မကြာခင် အဆင့် ၁ ဖြစ်လာမှာလား အမြင်ချင်း ဖလှယ်သွားကြပါဦးခင်ဗျာ။

#MSSK #မောင်စွယ်စုံကျမ်း #ဗဟုသုတ #MSS ##NationalSecurity #EileenWang #AliceGuo
❤4
August 18, 2026 560