စာအုပ်လင့်များ: post #8340 — TG.ME

တရုတ်အဌားမယားစနစ်ကလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ဒေသမှာ စီးပွားရေးတခုလို ဖြစ်လာနေပါတယ်။

အများစုက ကျားဖြန့်တွေမှာ မော်ဒယ်အဖြစ် နေပေးကြရကနေ အလုပ်မလုပ်ချင်ကြတော့ပဲ တရုတ်အဌားမယားဘဝ ရောက်ကုန်ကြတာမျိုးပါ။

လစာအနေနဲ့ ပုံမှန်ရတယ်။ ဇိမ်နဲ့ သာသာယာယာနေရတယ်။ ဘားတွေ ကလပ်တွေ တက်ရတယ်။ အဌားမယား ဖြစ်တာမို့ အမြဲ မလာကြသလို တချို့ တရုတ်လောပန်းတွေဟာ အဌားမယား သုံးလေးယောက်ထားကြတာမျိုးပါ။

ဆိုတော့ ဝန်မပိတဲ့ ဒီအလုပ်ကို ပျော်ပျော်ကြီး ရွှေးချယ်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီး ရာချီ ထောင်ချီ ရှိလာနေပါတယ်။

ခေတ်ပျက်မှာ မြင်တွေ့နေရတဲ့ ကျားဖြန့်ရပ်ဝန်းက မြင်ကွင်းတွေဟာ မြန်မာပြည်အနာဂါတ် အတွက်လည်း ကောင်းမနေပါဘူး။

ဆိုးရွားစွာ အကျင့်ပျက်၊ စာရိတ္တတွေ ပျက်စီးနေတာဟာ တိုင်းပြည်ကိုပါ ဆုတ်ယုတ်သွားစေမှာ ဖြစ်သလို အတုမြင် အတက်သင်တွေကြောင့် ပြည်တွင်းမှာ ပိုဆိုးဝါးလာစေမှာပဲ ဖြစ်ပါတယ်။

#myanmarbusinessinsider #economyreview #ကျားဖြန့် #မြန်မာ
❤3
August 6, 2026 1.1K 2