ဆိုတော့ မြန်မာပြည်မှာ ကျားဖြန့်တွေ လာတာဟာ မြန်မာတွေထက် ခေါင်း နှစ်ဆ သုံးဆ ပိုကောင်းတဲ့ တရုတ်တွေ ကတုံးပေါ် ထိပ်ကွက် လုပ်နေတာမျိုးပါ။
ဆိုတော့ အခုနောက်ပိုင်း ကျားဖြန့်ဂိုဏ်းတွေဟာ ပိုစည်းလုံးလာပါတယ်။ သတင်းအစအန မတက်အောင် ပိုလုပ်လာကြပါတယ်။
အရင်တုန်းက ဗုံပလောအော တက်သမျ ပိုထိန်းချုပ်လာတာပါ။ ကျားဖြန့်တွေမှန်း ဘယ်လို သိရလဲဆိုရင် ဆက်သွယ်သွားလာတဲ့ ကုမ္ပဏီတွေ နဲ့ အဆင်မပြေမှ ထုတ်ပြောတာမျိုးတွေမှာ သိရပါတယ်။
နောက်တခုက အချင်းချင်း တချိန်က လွမ်းစရာတွေကို တမ်းတကြတဲ့အခါမှ ကျားဖြန့်တွေမှန်း သိရတာမျိုးပါ။
ဒါပေမယ် ဝင်ငွေက ပိုကောင်းတော့ ပိုနှုတ်လုံလာကြပါတယ်။ စာချုပ်တွေ ချုပ်ထားကြပုံလည်း ရသလို လက်စဖျောက်တဲ့အထိ လုပ်ကြတာကြောင့်လည်း အကြောက်ပိုပြီး မတင်ကြတာ ဖြစ်နိုင်ပါတယ်။
လူရှာတာ၊ လူခေါ်တာတွေက Telegram ကို သုံးလေ့ ရှိပြီး အရင်တုန်းကလို Typing ရရုံနဲ့ မခေါ်တော့ပဲ အဆက်အသွယ်ရှိမှ ခေါ်ကြတော့တာမျိုးပါ။
လူဟောင်းတွေ လို့ သုံးလေ့ ရှိတဲ့ သူတို့ဟာ HR လို့ ခေါ်တဲ့ ခေါင်းဆောင်တွေကို ချိတ်ပြီး နားလည်မှုနဲ့ သွားလာလုပ်ကိုင်ကြပါတယ်။
ပြင်းပြင်းထန်ထန်နှိမ်နင်းလာတော့ လူသစ်တွေ မခေါ်တော့ပဲ လူဟောင်းတွေပဲ သုံးကြတာမျိုးပါ။
ဆိုတော့ တခါပေါက်ရင် ဂွင်ဖြစ်ပြီး အိမ်ခြံမြေဝယ်နိုင်တဲ့အထိ ဖြစ်လာပါတယ်။
ဥပမာ- ဒေါ်လာတစ်သိန်းပေါက်ရင် ကော်မရှင်က (၁၀၀၀၀) လောက် ရပါတယ်။
မြန်မာငွေန့ဆို သိန်း(၄၃၀)လောက် ရှိပါတယ်။
ဒီငွေနဲ့ဆို ကျေးလတ်တွေမှာ မြေကွက် ဝယ်နိုင်တဲ့ ပမာဏာဖြစ်ပါတယ်။
လုပ်ကိုင်နေကြသူတွေက နေရာစုံ၊ လူမျိုးစုံ ဆိုပေမယ့် ကျားဖြန့်လုပ်ကြသူတွေမှန် သိသာစေတဲ့ အကျင့်စရိုက်တွေ ရှိကြပါတယ်။
ဥပမာ- စစ်သား နဲ့ ရဲဆိုရင် ဘယ်လိုပင် ဖုံးကွယ် ဖျောက်ထားပါစေ စစ်သားရုပ်၊ ရဲရုပ် မပျောက်သလိုမျိုးပါပဲ။
အခုနောက်ပိုင်း ကျားဖြန့်လုပ်သူတွေဟာ မကောင်းတာမှန်း သိပေမယ့် မကောင်းတဲ့ အလုပ်လို့ မခံယူကြတော့တာပါ။
ကျားဖြန့်ဆိုတာ လိမ်လည်တဲ့ အလုပ်မှန်း သိပေမယ့် ခေတ်ပျက်မှာ လည်သူ စားမယ် ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်လာကြတာပါ။
သူတို့ အသိုင်းအဝိုင်း အချင်းချင်းကိုလည်း စစ်တပ်လိုပဲ ဂျင်းကျွေးထားကြ၊ ဆိုက်ကိုပေးထားကြတာ တွေ့ရပါတယ်။
နောက်ပြီး ဘာသာရေးကိုလည်း ဦးစားပေးထားကြတာ ပိုတွေ့လာရပါတယ်။
ကျားဖြန့်ဝန်းတွေထဲမှာ ဘာသာရေးအဆောက်အအုံတွေ ခန့်ခန့်ထည်ထည်ကြီးတွေ ပိုတွေ့လာရပါတယ်။
ကျားဖြန့်ကြောင့် အကျင့်စာရိတ္တ ပျက်လာမှန်း လက်ခံသူ နည်းလာပါပြီး ခေတ်ပျက်မှာ ငွေရှာရမယ်။ ဒါမှ ငါတို့ ရှင်သန်နိုင်မယ် လို့ ယူဆလာကြတယ်။
ဒါကလည်း မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျ၊ ဝင်ငွေနှိမ့်၊ ကုန်ဈေးနှုန်းတက်မှုတွေရဲ့ ဆိုးကျိုးပါပဲ။
ကောင်းရောင်း ကောင်းဝယ် လုပ်စားရင် ထမင်းငတ်မယ့် မြန်မာပြည်မှာ လူငယ်တချို့ ကျားဖြန့်ဂွင်မှာ လုပ်ကြတာ မဆန်းသလို ဖြစ်လာပါတယ်။
မြို့ပေါ်တွေမှာတောင် မတရားလုပ်စားတာ၊ ဂျင်းထည့်ကြတာကမှ စီးပွားရေးလို့ ယူဆကြတဲ့ သူတွေ တပုံကြီးပါ။
ဥပမာ- ကားပွဲစားတွေဆိုတာလည်း ကျားဖြန့်အကြီးစားတွေ ဖြစ်ပါတယ်။ လူတွေကို အယုံသွင်းပြီး မတရားဈေးတွေနဲ့ ဂျင်းထည့်ကြတာ၊ လိမ်တာမျိုးပါ။
Hijet ကားတစ်စီးကို သိန်း(၁၃၅၀)နဲ့ ရောင်းတာမျိုးတွေဟာ ကျားဖြန်တွေပဲ ဖြစ်ပြီး စစ်အုပ်စုကလည်း တရားဝင် ခွင့်ပြုထားပါတယ်။
တရားဝင် ကားပေါက်ဈေး သိန်း(၂၈၀၀)တန်းကားကို သိန်း(၄၅၀၀)နဲ့ ရောင်းတာကလည်း ကျားဖြန့် ဖြစ်ပါတယ်။
ကားပွဲစားတွေလို တရားဝင် ကျားဖြန့်တွေကို စစ်အုပ်စုက ခွင့်ပြုထားတာမို့ နယ်စပ်တွေမှာ လုပ်နေကြသူတွေကလည်း ကျားဖြန့်လုပ်တာကို မတရားလုပ်တာ မမြင်ကြတော့ပါဘူး။
ငါတို့က ကိုယ့်နိုင်ငံသားအချင်းချင်း လိမ်တာ မဟုက်ဘူး။ တခြားနိုင်ငံကို လိမ်တာ လို့ အမြင်ရှိလာစေပါတယ်။
ပြောရရင် စစ်အုပ်စုဟာ ပြည်တွင်းမှာရှထတဲ့ ကျားဖြန့်အကြီးစားတွေကို တရားဝင်လို ခွင့်ပြုထားတဲ့အခါ နယ်စပ်ကျားဖြန့်တွေကလည်း တရားဝင်တယ် လို့ ယူဆလာကြတာပါ။
ဆိုတော့ တဖြေးဖြေး လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားလာတာမျိုးကို သိသိသာသာ မြင်တွေ့လာရပါပြီ။
ဒါတွေဟာ နောင်နှစ်ပေါင်းများစွာအထိ လက်ဆင့်ကမ်းသယ်သွားကြမှာမို့ မြန်မာပြည်မှာ အကျင့်စာရိတ္တ ပျက်ယွင်းမှုဟာ သားစဉ် မြေးဆက် ဖြစ်လာမှာပါ။
ကျားဖြန့်လုပ်ငန်းခွင်တွေဟာ မြဝတီ၊ ကျောက်ခတ်၊ တာချီလိတ်၊မူဆယ်၊ ရှမ်းပြည်အလယ်ပိုင်းနဲ့ ရန်ကုန်တွေအထိ ပျံနှံ့နေတာ တွေ့ရပါတယ်။
ဒီလုပ်ငန်းခွင်တွေမှာ လုပ်နေကြတဲ့ လူငယ်တွေဟာ ကျားဖြန့်ဟာ လိမ်လည်တဲ့ အလုပ်ဆိုတာထက် ငွေရှာတဲ့ အလုပ်လို့ သတ်မှတ်လာကြတာမျိုးပါ။
အရင်တုန်းကထက် ပိုလွယ်ကူလာလို့ ပိုပြီး လုပ်စားလာကြတာ ဖြစ်သလို သာမန်လူတွေ မရနိုင်တဲ့ ငွေကြေးတွေ အထုက်အထည်နဲ့ သိမ်းပိုက်ထားနိုင်လို့ ကျေနပ်နေကြတာ ဖြစ်ပါတယ်။
ဒါအပြက် အကျင့်စာရိတ္တပျက်ယွင်းမှုကလည်း မြင့်လာပြီး ငွေရရင် ဘာမဆို လုပ်မယ့် အလွှာပေါလာပါတယ်။
နောက်ဆုံးအဆင့်က တရုတ်အဌားမယားစနစ်မှာ ပျော်ပျော်ကြီး အသုံးတော် ခံနေကြတာပါ။
ကရင်ဒေသမှာ စကားပုံတခုတောင် တိုးလာခဲ့ပါတယ်။
"တရုတ်မယား, ကရင် ကား" ယောင်လို့တောင် ပြန်မသုံးမိစေနဲ့ ဆိုတာမျိုးပါ။
August 6, 2026 1K 1