စာအုပ်လင့်များ: post #8338 — TG.ME

ကျားဖြန့်နဲ့အတူ အကျင့်စာရိတ္တ ပျက်ပြားလာတဲ့ မြန်မာလူငယ်တွေ

(အတွေးအမြင်ဆောင်းပါး)

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တခြားဒေသတွေမှာ သွားအလုပ်လုပ်နေတဲ့ လူငယ်တွေ အိမ်ဝယ်၊ ခြံဝယ်ကြတဲ့ သတင်းတွေ မြင်တွေ့ရပါတယ်။

လူငယ်တွေ ကြိုးစားလို့ ငွေရှာကောင်းတာ ဝမ်းသာစရာ သတင်းဖြစ်ပေမယ့် ယနေ့ခေတ်မှာ အလုပ်လုပ်ရုံနဲ့ ချမ်းသာဖိုဆိုတာ ခတ်ခဲပါတယ်။

ဒါပေမယ့် နောက်ကြောင်းတွေ ကြည့်လိုက်တော့ နယ်စပ်တွေမှာ သွားအလုပ်လုပ်နေသူတွေ ဖြစ်နေပါတယ်။

ဘာအလုပ်တွေ လုပ်လဲဆိုတာ သေချာ မပြနိုင်ပေမယ့် သေချာတာက ပင်ပင်ပန်းပန်း မလုပ်ရဘူးဆိုတာပါပဲ။

အများစုက TikTok တွေမှာ အပျော်ပုံတွေ တင်နေကြတာ များတာ တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေပါ။

နောက်ဆုံး စုံစမ်းရင်း သိလာရတာက ကျားဖြန့်လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတယ် ဆိုတာကိုပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သာမန်လူတန်းစား ငွေရှိဖို့ဆိုတာ မလွယ်ကူလှပါဘူး။

လစာ (၁၀)သိန်း၊ သိန်း(၂၀)အထိ ရရင်တောင် ကိုယ့်မြို့ ကိုယ့်နယ်မှာ အိမ်ခြံမြေဝယ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ပြည်ပထွက် အလုပ်လုပ်ရင်တောင် ကြိက်ပြီး မသုံးမဖြုန်း စုဆောင်းပါမှ ငါးနှစ်နီးပါး လုပ်မှ အိမ်ခြံမြေဝယ်နိုင်တဲ့ အနေအထားပါ။

ဒါပေမယ့် ကျားဖြန့်လုပ်ရင် အနည်းဆုံး တစ်နှစ်အတွင်း၊ တချို့ဆို (၃)နှစ်အတွင်း အိမ်ခြံမြေ ဝယ်နိုင်ကြပါတယ်။

ဆိုတော့ ကျားဖြန့် လုပ်နေကြတဲ့ မြန်မာလူငယ်တွေကို လေ့လာကြည့်နေတာ ကြာပါပြီ။

အံဩစရာကောင်းတာက အရင်တုန်းကထက် အခုကာလမှာ ပိုပြီး သိုဝှတ်လာသလို ထိန်းသိမ်းမှုအားလည်း ပိုကောင်းလာပါတယ်။

ကျားဖြန့်လုပ်ငန်းခွင်ဟာ နှိပ်စက်တဲ့ နေရာ ရက်စက်ကြမ်းကြှုပ်တဲ့ နေရာဆိုတာ ခေတ်ဟောင်း ဖြစ်သွားပါပြီ။

ပျော်အောင်ထားတယ်။ ကောင်းတာ ‌ကျွေးတယ်။ လူလို သူလိုထားတယ်။ လစာ ကောင်းကောင်းပေးတယ်။ ဘောနပ် ကောင်းကောင်းပေးပါတယ်။

ဒါကလည်း အရင်တုန်းက နှိပ်စက်ငြင်းပန်းပြီး စေခိုင်းလေ့ရှိတာ နိုင်ငံတကာ သတင်းမီဒီယာတွေအထိ ပေါက်တောါ နှိမ်နင်းရေး စတင်လာတာကြောင့်ပါ။

ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာတွေမှာ ကျားဖြန့်ကွန်ယက်တွေကို အပြင်းအထန် နှိမ်နင်းမှုနဲ့အတူ နာမည်ကြီးတဲ့ တရုတ်ခေါင်းဆောင်တွေ အဖမ်းခံရ၊ ပိုင်ဆိုင်မှု အသိမ်းခံရ ဖြစ်သွားကြပါတယ်။

ဆိုတော့ နောက်ပိုင်း တရုတ်ကျားဖြန့်ဂိုဏ်းတွေဟာ အကုန်ယူ၊ အကုန်စားစနစ်မသုံးတော့ပါဘူး။

ဝန်ထမ်းတွေကို ပေးတယ် ကမ်းတယ်။ သတင်းသာ အပြင်မပေါက်စေနဲ့။ ပုံမှန် လစာ ပေးတယ်။ အလုပ်ဖြစ်ရင် ဘောနပ် တထွေကြီး ရတယ်။

နောက်ပြီး မြန်မာဝန်ထမ်းတွေကို ဆက်ဆံတာ ပြောင်းလဲသွားပါတယ်။ တရုတ်ကျားဖြန့်သမားတွေရဲ့ ဗျုဟာက အလုပ်ဖြစ်ပါတယ်။

ကျားဖြန့်မှာ နှိပ်စက်ငြင်းပန်းခံရလို့ သတင်းပို့လာသူတွေ မရှိသလောက် နည်းပါးသွားပါတယ်။

အရင်တုန်းက TikTok မှာ ကျားဖြန့်လုပ်သူတွေ ‌ကြွယ်ပြကြပေမယ့် အခုကာလမှာ မသုံးကြတော့ပါဘူး။
လုပ်ငန်းခွင်အတွင်း ပုံရိပ်တွေ မထုတ်ပြကြတော့ပါဘူး။

၂၀၂၅ ခုနှစ်အထိ ကျားဖြန့်လူခေါ်သူတွေ ဖြစ်တဲ့ HR လို့ ခေါ်ကြတဲ့ သူတွေဟာ TikTok ပေါ်မှာ လူရှာပေမယ့် သတင်းအသိခံရပြီးနောက် မလုပ်ကြတော့ပါဘူး။
ပြောရရင် Facebook group နဲ့ TikTok ကို မသုံးကြတော့တာပါ။

သူတို့ အများစု သုံးတာက Telegram ဖြစ်ပါတယ်။ ကိုယ်ယောင်ဖျောက်ရ လွယ်တဲ့ Telegramကို သုံးပြီး လူရှာတာ၊ နေရာခေါ်တာ၊ စီမံခန့်ခွဲတာ အကုန်လုပ်ကြပါတယ်။

တရုတ်ကျားဖြန့်ဂိုဏ်းတွေဟာ အရင်တုန်းကလို အကုန်ယူ အကုန်စားစနစ် မဟုတ်တော့ဘဲ ဝန်ထမ်းတွေကို ပေါက်ရင် မျှပေးလာပါတယ်။

အနည်းဆုံး (၁၀)ရာခိုင်နှုန်း ပေးလေ့ ရှိတယ် လို့ သိရပြီး တခြားအခွင့်အရေးတွေပါ ရပါတယ်။ ဥပမာ- လိမ်နိုင်သူတွေဟာ အဆင့်သတ်မှတ်ထားပြီး ထူးချွန်လေလေ ငွေပို ရလေလေ နဲ့ နေရတာကလည်း ကိုယ်ပိုင်အခန်း၊ ကိုယ်ပိုင်ကားနဲ့ ထားပါတယ်။

နောက်ပြီး ကျားဖြန့် ရပ်ဝန်းဟာ ပိုပြီး စနစ်ကျလာတာပါ။ ၎င်းတို့ကို ကာကွယ်ပေးထားတဲ့ ပြည်သူစစ်တွေ၊ လက်နက်ကိုင် အဖွဲ့တွေကို ဘယ်လို ငွေကြေးပေးထားလဲ မသိရပေမယ့် အခုထိ ၎င်းတို့ဟာ ကျားဖြန့်လုပ်ငန်းကို မသိပါဘူး လို့ ဘူးခံငြင်းနေကြတဲ့အကွက်ပါ။

သိရသလောက်တော့ တရုတ်လုပ်ငန်းရှင်တွေဟာ ဒေသမှာ စီမံကိန်းလာလုပ်မယ်၊ အိမ်ရာဆောက်မယ် ဆိုပြီး ‌အမြတ်ငွေကြီးကြီးနဲ့ ကမ်းလှမ်းလေ့ ရှိပါတယ်။

အဖွဲ့အစည်းတွေ လုံးဝ ကာကွယ်ပေးန်ုင်တဲ့ နေရာ ဖြစ်ဖို့ လိုပြီး တရုတ်အိမ်ခြံမြေကုမ္ပဏီ လိုလိုတွေက လုပ်လေ့ ရှိတာပါ။

တချို့ကုမ္ပဏီတွေဆို မြန်မာန်ုင်ငံမှာ ကုမ္ပဏီ မှတ်ပုံတင်ထားပြီး ရန်ကုန်မှာ အယောင်ပြ ရုံးခန်းတောင် ဖွင့်ကြပါတယ်။

သူတို့ဟာ ဆောက်လုပ်ရေးလုပ်မယ်ဆိုပြီး ဝင်လာတာမို့ အပေါ်ယံကြည့်ရင် ကျားဖြန့်လုပ်ငန်းမဟုတ်မှန်း ဖန်တီးထားပါတယ်။

ပြီးရင် အိမ်ယာဆောက်၊ အခန်းဌားစားကြတာမျိုး လုပ်ပါတယ်။ ဆိုတော့ လကခနက်ကိုင်အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုက အိမ်ယာစီမံကိန်းလုပ်မယ်။ မြေဌားတယ်။ အခန်းဌားစားမယ်။ ဒီသဘော စာချုပ်ချုပ်တာမျိုးပါ။

နောက်တဖက်မှာကျတော့ ကျားဖြန့်လုပ်ငန်းတွေကို ခေါ်ယူတာမျိုးပါ။

ကျားဖြန့်ဂိုဏ်းတွေဟာ ၎င်းတို့ကို အကာအကွယ်ပေးဖို့ လက်နက်ကိုင်တွေကို ငွေကြေးထပ်ပေးပြီး ကမ်းလှမ်းရတယ် လို့လည်း သိရပါတယ်။
August 6, 2026 632 1