စာအုပ်လင့်များ: post #8335 — TG.ME

လူကျွံဘောများ
============
၁) လူသိများတဲ့ သူငယ်ချင်းတစ်ယောက် ပြသနာတက်တယ်။

အလွယ်ပြောရရင်တော့ ကာမ လိမ်လည် ၄၁၇ ပေါ့။

ကာမ လိမ်လည် ဆိုတဲ့သဘောက ကာမ လဲ ပါရမယ် လိမ်လည်တာလဲ ဖြစ်ရမယ်ပေါ့။

အမှုမှာ အရေးသာတယ်။ တစ်ဖက် က ကာမ ပိုင်းကို သေချာပြနိုင်ပေမယ့် လိမ်လည်ပါတယ်ဆိုတဲ့အပိုင်း ကို တစ်ဖက် က သေချာ သက်သေမပြနိုင်ဘူး။

အဲဒီမှာ သကောင့်သား က ဘာလုပ်လဲ ဆိုတော့ တဖက် မိန်းကလေး က တရားခွင် အလာ ကို ရွံရှာတဲ့ ပုံ နဲ့ တံတွေးထွေးပြတယ်။

ကျွံသွားတာ ပေါ့။

တစ်ဖက်က Media အားကိုယူပြီး အဲဒီ တံတွေးထွေးတဲ့ ကိစ္စကို Highlight လုပ် တစ်ဆုံးကြိတ်တာ Career ပါ ထိ ကုန်ရော။

၂) မိတ်ဆွေတစ်ယောက် ငွေချေးရာမှာ ငွေပြန်မရတဲ့ ပြသနာတက်တယ်။ စာချုပ်အခိုင်အမာချုပ်ထားတယ်။ တစ်ဖက်က လဲ ပေးနိုင်ပေမယ့်မပေးဘူးညစ်တယ်ပေါ့။

အဲတော့ ဒီကိစ္စ ကို လောကသားများကို တိုင်တည်ရတဲ့အထိ ဖြစ်သွားရော။ အဲဒီအထိ က ဘာမှမဖြစ်သေး။ ဖြစ်တာက ဘယ်လိုလဲဆိုတော့ လောကသားများကို အလုပ်အပ်ပြီးနောက်ပိုင်း တစ်ဖက်ကို Viber ကနေ စာပို့တယ်။ အကြွေးမဆပ်ချင်တဲ့ကောင် သတိကောင်းကောင်းထား ဘာညာပေါ့။
Facebook ပေါ်လဲ တက်ကြွယ်တယ်။

ကျွံသွားတာပေါ့။

အဲတော့ဘာဖြစ်လဲ ဆိုတော့ အကြွေးသွားတောင်းလို့ အထိ အရှ လဲ ဖြစ်ကော တစ်ဖက်က ရဲတိုင်ရော။ သူပြောထားသမျှ Viber တွေရော FB က Post တွေရောပြတိုင်တာမို့ ရှင်းရရော။

နောက်ဆုံးအကြွေးလဲဆုံး။ မှတ်တမ်းလဲ ဝင်။ လောကပါလများမှာလဲ စာရင်းပေါက်သွားတာရော။

၃) ဒါကတော့ Credit Negotiator လုပ်တုန်းက ကိုယ်တိုင်ကြုံရတာ။ Credit Negotiator ဆိုတဲ့သဘောက ပေးရန်ရှိတဲ့သူဘက်က နေ ရရန်ရှိတဲ့သူတွေ ကို ခေါင်းခံပြီး ညှိနှိုင်းပေးတာပေါ့။ စာချုပ်ချုပ်တယ်။ Payment တွေကို ကြားကနေ အာမခံပေးတယ်။ အဲဒီတုန်းက လုပ်ရတာက တော်တော် ရှုပ်တယ်။ အကြွေးတွေရော၊ လုပ်ငန်းရောင်းတာတွေ ရော။

အဲဒီမှာ Share အရောင်းအဝယ်အတွက် အရစ်ကျ Payment တစ်ခုက ပေးရမယ့်ရက်အတိုင်းမပေးနိုင်ဘူးဖြစ်သွားတယ်။

တစ်ဖက်က မပေးနိုင်လို့ စာချုပ်ဖျက်တယ်။ ပေးထားသမျှပိုက်ဆံအဆုံးဆိုပြီးလုပ်တယ်။ အဲဒီမှာ ကိုယ်တွေ က ညှိပေးတယ်။ စာချုပ်ကို မဖျက်နဲ့ Payment နောက်ကျတဲ့အတွက် Late Fees ဆိုပြီး ယူလိုက်။ အဲဒါနှစ်ဦးနှစ်ဘက် အဆင်ပြေမယ်ဆိုတာကို မဟုတ်ဘူး။ စာချုပ်ဖျက်တယ်။ ရှေ့နေက နေ Notice ပို့တယ်။ ရဲတိုင်တယ်။

ကျွံတယ်ပေါ့။

အဲတော့ ရဲလဲအတိုင်ခံရ၊ ရှေ့နေ ကနေ Notice ပို့ပြီ ဆိုတော့ ကိုယ်တွေ ဘက်ကလဲ ရှေ့နေ ရှာရတာပေါ့။

အဲတော့ဘာဖြစ်လဲဆိုတော့ လိုအပ်တဲ့ အချက်အလက်များကို တည်ဆောက်ပြီး ရဲတိုင်တဲ့ကိစ္စ ကိုရှင်းလိုက်တော့ ရဲတိုင်ထားတဲ့အမှုက ပြေလည်သွားရော။

ဒါ့အပြင်အရစ်ကျ Payment တွေက ကိုယ်တွေကသာပေးထားရတယ် သူတို့ က Share ပြန်မလွှဲထားဘူးဆိုတာတွေ့သွားရော။

အဲတော့မမှန်မကန်သတင်းပေးတိုင်ကြားမှု တို့ လိမ်လည်ရောင်းချမှု တို့ အကျိုးပျက်စီးစေမှုတို့နဲ့ ကိုယ်တွေဖက်က ပြန်စွဲရော။

ကိုယ်တွေ ဖက် က စွဲတာ က နိုင်အောင်စွဲတာမဟုတ်ဘူး။

ဒီအကြွေးဆိုတဲ့ကိစ္စ ကြီး ကို Conflict ဆိုတဲ့ကိစ္စထဲကို ဆွဲသွင်းလိုက်တာ။

Conflict အောက်ကိုဆွဲသွင်းလိုက်ခြင်းဖြင့် တရားရုံးအမိန့်ကျမှ ဖြေရှင်းပေးရမယ့်ကြွေးမြီဖြစ်သွားတာကိုး။

ဘယ်အထိ ဆွဲသွင်းတာလဲ ဆိုတော့ Cashflow ပြေလည်တဲ့အထိ ဆွဲသွင်းလိုက်တာ။

အဲတော့ Payment Delay ဖြစ်ပြီး အစောကထဲက စကားနားထောင်ရင် စောစော ရရမယ့်ပိုက်ဆံ က တော်တော် နောက်ကျပြီးမှ ညှိနှိုင်းထားရတဲ့ အဖြစ်ကိုရောက်ရော။

နောက်တစ်ခုကတော့ စွဲဆိုခံတိုင်ကြားခံဘက်က နေ ညှိနှိုင်းရတာဖြစ်လို့ Payment ကို Lower Hand ကနေ ညှိရရော။

ပြောချင်တာ က ပြသနာဖြေရှင်းတဲ့နေရာမှာ "စည်း" နဲ့
"ဘောင်" ဆိုတဲ့စကားက သိပ်အရေးကြီးတယ်။

စည်းအပြင်ရောက်သွားတာ တို့ ဘောင် အပြင် ကျွံသွားရင် မှန်နေလဲ နာတတ်တယ်။

မကျွံဖို့အတွက်ဆို စိတ်ခံစားမှု ကို ထိန်းနိုင်ဖို့လိုတယ်။

နောက် ဘယ်ပြသနာတွေ က ဘယ် စည်းကမ်းအတွင်း နည်းလမ်းတစ်ကျ ရှင်းလို့ရတယ်ဆိုတာသိဖို့လိုတယ်။

နို့မို့ရင်တော့ကွဲမှာပဲ

ဆင်ခြင်နိုင်ကြဖို့ပါပဲ။

#Michael
❤1
August 5, 2026 471