ကုသိုလ်တရားသည် ကျန်းမာခြင်းကို ဆောင်ကြဉ်းပေး၏ "အပ္ပမာဒတရား" ဆိုသည်မှာ… — နရီမိုး — TG.ME

ကုသိုလ်တရားသည် ကျန်းမာခြင်းကို ဆောင်ကြဉ်းပေး၏

"အပ္ပမာဒတရား" ဆိုသည်မှာ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ဘဲ အမြဲပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ပေးသော သဘာဝတရားဖြစ်သည်။

တရားအားထုတ်သည့်အခါ ရောဂါဝေဒနာများ ပျောက်ကင်းသွားရခြင်းမှာ ရောဂါကိုဖြစ်စေသည့် အကုသိုလ်ကံများ ကင်းစင်သွားပြီး စိတ်ထဲတွင် လောဘ၊ ဒေါသ၊ မောဟတို့ ကင်းဝေးကာ အလောဘ၊ အဒေါသ စသည့် ငြိမ်းအေးသော ကုသိုလ်စိတ်များ ဝင်ရောက်လာသောကြောင့် ဖြစ်သည်။

စိတ်ပူလျှင် ရုပ်ပူ၏ – လောဘ၊ ဒေါသများပြားပါက စိတ်ပူလောင်၍ ရုပ်ခန္ဓာပါ ပူလောင်ပျက်စီးရသည်။

စိတ်အေးလျှင် ရုပ်အေး၏ – ကုသိုလ်စိတ်ဖြင့် စိတ်နှလုံး ဖြူစင်အေးချမ်းလာပါက ခန္ဓာကိုယ်၏ ကျန်းမာရေးနှင့် အသားအရေ စိုပြေမှုတို့သည် အလိုလို ကောင်းမွန်လာသည်။

မြတ်စွာဘုရားရှင်နှင့် ပညာရှိအပေါင်းတို့သည် သံသရာတွင် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ဘဝအဆင့်အတန်း မြင့်မားခြင်းစသည့် နှစ်သက်ဖွယ် အကျိုးတရားများကို လိုလားပါက "ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်း (အပ္ပမာဒတရား)" ကို လက်ကိုင်ထားကြရန် ချီးမွမ်းဟောကြားခဲ့ခြင်း ဖြစ်ပါသည်။

#ပါမောက္ခချုပ်ဆရာတော် #ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏
🙏195❤20👍5👏2
September 1, 2026 2.2K 4 17