Spark of Tomorrow (2026) ၁၉၀၇ ခုနှစ်ရဲ့ နွေရာသီ Kyoto မြို့ရဲ့… — No Passion Translation(Main Channel) — TG.ME

Spark of Tomorrow (2026)

၁၉၀၇ ခုနှစ်ရဲ့ နွေရာသီ Kyoto မြို့ရဲ့ Fushimi နယ်မြေက Inako Momokawa ဟာ အရက်ချက်စက်ရုံပိုင်ရှင်ရဲ့ သမီးဖြစ်ပြီး စည်းကမ်းကြီးလွန်းတဲ့ ဖခင်ဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းမှုကို အမြဲခံရလေ့ရှိသူပါ။ သူမဟာ စိတ်ညစ်ရတိုင်း နတ်ဘုရားတွေဆီ ဆုတောင်းရင်းနဲ့ပဲ စိတ်သက်သာရာ တိတ်တဆိတ် ရှာဖွေတတ်ပါတယ်။
တစ်ရက်မှာတော့ Fushimi Inari နတ်ကွန်းမှာ ဆုတောင်းနေရင်း Kihachi Sakamoto ဆိုတဲ့ လွတ်လပ်ပြီး ထင်ရာစိုင်းတတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Kihachi ကတော့ Inako ရဲ့ ကိုးကွယ်ယုံကြည်မှုကို လုံးဝလက်မခံဘဲ အနာဂတ်ဟာ နတ်ဘုရားတွေကြောင့် မဟုတ်ဘဲ "လျှပ်စစ်ဓာတ်အား" ကြောင့်သာ ဖြစ်လာမှာလို့ ယုံကြည်ထားတဲ့သူပါ။ ဒီလိုနဲ့အစပိုင်းမှာ အမြင်ချင်းမတူဘဲ အဆင်မပြေဖြစ်ခဲ့ကြပေမယ့် Inako ရဲ့ ဖခင်က သူမကို ရုတ်တရက် အတင်းအဓမ္မ အိမ်ထောင်ချပေးဖို့ စီစဉ်လာတဲ့အခါမှာတော့ Kihachi က Inako ကို အိမ်ကနေ ထွက်ပြေးဖို့ ကူညီပေးခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကို တားဆီးနိုင်ဖို့အတွက် သူတို့နှစ်ယောက်ဟာ "The Electric Catalog" ဆိုတဲ့ လျှို့ဝှက်ဆန်းပြားစာအုပ်ကို ရှာဖွေရင်းနဲ့မှ သူတို့နှစ်ဦး ဒုက္ခအခက်အခဲပေါင်းများစွာကြား ဘယ်လိုသံယောဇဉ်တွယ်သွားကြမလဲ

Every Monday
❤12
July 5, 2026 3.5K 18