The Ghost in the Shell (2026) The Ghost in the Shell (2026) ဟာ စစ်ပြီးခေတ် နာလန်မထူနိုင်သေးတဲ့ နိုင်ငံတွေကို ခေါင်းပုံဖြတ်ပြီး တိုးတက်လာတဲ့ ဆိုက်ဘာလူ့အဖွဲ့အစည်းနောက်ကွယ်က မတရားမှုနဲ့ မှိုင်းတိုက်ခံရမှုတွေကို အသားပေးဖော်ပြထားတဲ့ CyperPunk လက်ရာတစ်ခုဖြစ်ပါတယ်။ ဥပဒေဘောင်ကျော်ပြီး လူသားတွေရဲ့ အသိစိတ် (Ghost) ကိုပါ ဟက်ခ်လုပ်ကျွန်ပြုလာတဲ့ ဆန်းပြားတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ဖွဲ့စည်းလိုက်တဲ့ လျှို့ဝှက်အထူးအဖွဲ့ Section 9 ရဲ့ နိုင်ငံရေးကစားကွက်နဲ့ တိုက်ပွဲတွေကို ဖော်ပြထားတာဖြစ်ပြီး၊ Science SARU ရဲ့ ထုံးစံအတိုင်း လျှင်မြန်ဖျတ်လတ်လွန်းတဲ့ အရည်အသွေးမြင့် အန်နီမေးရှင်းလှုပ်ရှားမှုတွေ၊ အထာကျကျ လေးနက်တဲ့ ဇာတ်ညွှန်းတွေနဲ့အတူ နည်းပညာခေတ်ထဲက လူသားဆန်မှုအနှစ်သာရကို ရသစုံစုံနဲ့ မိမိရရ တင်ဆက်ထားတဲ့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ Anime တစ်ကား ဖြစ်ပါတယ်။
The Ghost in the Shell (2026) The Ghost in the Shell (2026) ဟာ… — No Passion Translation(Main Channel) — TG.ME
July 12, 2026 2.6K 2 9