Solo Leveling Season 2 အပြီးမှာ Season 3 ကို မျှော်နေကြတဲ့… — No Passion Translation(Main Channel) — TG.ME

Solo Leveling Season 2 အပြီးမှာ Season 3 ကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက်တော့ မကြာသေးခင်က ကျင်းပသွားတဲ့ Anime Expo 2026 ပွဲကြီးကနေ "Solo Leveling: Beyond the System" ဆိုတဲ့ Anime Movie အသစ် ထွက်ရှိလာတော့မယ်ဆိုတဲ့ သတင်းကောင်း ထွက်ပေါ်လာခဲ့ပါတယ်။ အပတ်စဉ်ထွက်နေကျ သာမန် TV Series တွေထက်စာရင် အခုလို Film အနေနဲ့ သီးသန့်ထုတ်လုပ်လိုက်တာက ကြည့်ရှုသူတွေအတွက် အများကြီးပိုတန်စေမှာဖြစ်ပြီး နာမည်ကြီး A-1 Pictures စတူဒီယိုကလည်း Movie Budget နဲ့ အချိန်သေချာယူကာ ဖန်တီးသွားမှာဖြစ်လို့ Animationပိုင်းတွေနဲ့ Sound Design တွေဟာ ရုပ်ရှင်ရုံ Quality အတိုင်း အဆပေါင်းများစွာ ပိုမိုက်လာမှာ အသေအချာပါပဲ။ ဇာတ်လမ်းပိုင်းမှာလည်း "စနစ်ရဲ့အလွန်" ဆိုတဲ့ ခေါင်းစဉ်အတိုင်း Jinwoo တစ်ယောက် System ရဲ့ ကန့်သတ်ချက်ဘောင်တွေကို အပြီးတိုင်ဖောက်ထွက်ပြီး တကယ့် Shadow Monarch အစစ်အမှန်အဖြစ် အပြည့်အဝနိုးထလာပုံတွေ၊ စနစ်ရဲ့နောက်ကွယ်က အမှန်တရားတွေအပြင် National Level Hunter တွေ၊ အခြား Monarch တွေနဲ့ ထိပ်တိုက်တွေ့ရတော့မှာဖြစ်လို့ ထွက်ရှိလာခဲ့ရင်လည်း No Passion Translation ကနေလက်မလွတ်တမ်းကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေ။

Season 1 & 2 - Click Here
❤21
July 5, 2026 3.3K 2 21