ခေါင်းစဉ်မရှိလေသော်
မောနင်းအချစ်ဆိုတာက စလို့ စတင်နိုးထခြင်းကနေ
နေ့တစ်ခုလုံးရှင်သန်ရခြင်းတွေမှာ သူရှိနေတာ်ဆိုတဲ့ အသိနဲ့ နွေးရခြင်းတွေဟာ တစ်ဘဝလုံးစာ သူ့ကိုငေးဖို့ လုံလောက်တယ်။
ဒါဟာတစ်ဖက်သတ်မဟုတ်ဘူး သူ့ဘက်က တုံ့ပြန်မှုနှေးကွေးနေတဲ့ ခံစားချက်တစ်ခုအတွက် စောင့်ဆိုင်းခြင်းသပ်သပ်ပဲ။
တစ်ဖက်သတ်မို့ တစ်သက်သေသတဲ့...
ဟင့်အင်း...ကျွန်တော်ဒီစကားကိုလက်မခံဘူး
တစ်ဖက်သက်ဆိုတာ သိပ်လှတာ သူ့မှာစောင့်ဆိုင်းခြင်း၊ငေးမောခြင်း၊လွတ်လပ်စွာမျှော်လင့်ခြင်းဆိုတဲ့အလှတရားတွေအပြည့်ရှိပြီး
ရသအမြောက်ဆုံး ခံစားချက်တစ်ခုလို့ဆိုနိုင်တယ်။
ကြယ်တွေကို သဘောကျတဲ့သူတစ်ယောက်ဟာ
ကြယ်တွေကိုမပိုင်ဆိုင်ရလို့ ရူးသွပ်တယ်ဆိုတာ ကြားဖူးသလားကိုယ့်လူ...
သူ့မှာ ငေးမောရုံနဲ့တင် ကျေနပ်ခွင့်ရှိတယ်၊ပျော်ရွှင်ခွင့်ရှိတယ်...အေးချမ်းခွင့်ရှိတယ်။
စောင့်ဆိုင်းခြင်းမှာ အသက်ပါတယ်တဲ့ သူကလည်းစောင့်ပါလို့ မပြောခဲ့တဲ့ စောင့်ဆိုင်းခြင်းတွေမှာ
သေဆုံးရကြေးဆို ကျွန်တော်သေတာ ခုနှစ်သက်ရှိရောပေါ့...။
ကဲ ဘယ်လိုလဲ ကိုယ့်လူ ကျွန်တော်ရဲ့ အချစ်ဒဿနတွေဟာ
သိပ်များဆန်းကြယ်နေသလား။
ရူးဖို့မလိုဘူး၊မူးဖို့မလိုဘူး ကိုယ့်လူ
ချစ်နေဖို့ပဲလိုတယ်။
ဘယ်၍ဘယ်မျှစောင့်ဆိုင်းရခြင်းတွေမလိုဘူး...
ငေးခွင့်ရခြင်းတွေပဲလိုတယ်။
မပိုင်ဆိုင်ရလို့ ပျက်ပြားသွားရခြင်းမေတ္တာတွေမလိုဘူး...
တစ်မိုးအောက်မှာအတူရှိနေရ၍ နွေးရခြင်းတွေပဲလိုတယ်။
ကဲ ဘယ်လိုလဲကိုယ့်လူ...
တစ်ဖက်သက်မို့ တစ်သက်သေရောလား...
ဒီလိုသာဆို ကျွန်တော်ဆိုတာ ဖြစ်တည်မှုတောင် ကျန်မှာမဟုတ်ဘူး...။ ။
ဟေသရ
#𝑭𝒊𝒐𝒏𝒂











