Physics ဘာသာရပ်ကိုသင်ကြားရာမှာ ဆရာ၊ ဆရာမများမှားတတ်တဲ့အမှားများ... ဒီစကားစုက စာသင်ခန်းထဲမှာ ကျင်လည်နေတဲ့ ကျွန်တော်တို့ တစ်တွေအတွက် အားနာစရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ဒါပေမယ့် စေတနာလွန်ကဲပြီး အမြန်တတ်စေချင်တဲ့စိတ်ကြောင့် ကျွန်တော်တို့ မကြာခဏ သတိမမူမိလိုက်တဲ့ အချက်လေးတွေ ရှိပါတယ် " Physics ဆိုတာ သင်္ချာမဟုတ်ပါဘူး " ဒါဟာ စကြဝဠာကြီးရဲ့ ဖြစ်ပျက်ပုံကို သင်္ချာစကားလုံးတွေနဲ့ ရှင်းပြထားတာပါ အဖြစ်များဆုံး အမှားတစ်ခုကတော့ ကလေးတွေကို ပုံသေနည်း (Formula) တွေအရင် ကျက်ခိုင်းပြီး တွက်ချက်နည်းကိုပဲ ဇောက်ချသင်ပေးလိုက်တာပါပဲ ဒါက ဘာဖြစ်သွားလဲဆိုတော့... ကလေးတွေက ပုစ္ဆာတွက်တတ်သွားပေမယ့် တကယ့် လက်တွေ့ဘဝ ဖြစ်စဉ်တွေနဲ့ မချိတ်ဆက်မိတော့ပါဘူး မေးခွန်းပုံစံလေး နည်းနည်းပြောင်းလိုက်တာနဲ့ ဘာတွက်လို့ တွက်ရမှန်း မသိတော့တဲ့ အခြေအနေမျိုး ကြုံရတတ်ပါတယ် နောက်တစ်ခုက သင်ခန်းစာကို စာအုပ်ထဲက စာသားအတိုင်းပဲ ရှင်းပြမိတာပါ ဥပမာ - Gravity အကြောင်းသင်ရင် အာကာသထဲကအကြောင်း ချက်ချင်းမပြောဘဲ အတန်းထဲက ခဲဖျက်တစ်တုံး ပြုတ်ကျသွားတာကနေ စတင်ကြည့်ရင်ကလေးတွေ ပိုပြီး စိတ်ဝင်စားသွားပါလိမ့်မယ် အဓိကကတော့ - Intuition (အာရုံခံစားမိမှု) ကို အရင်တည်ဆောက်ပြီးမှ Formula တွေနောက်က လိုက်ရမှာပါ ကျွန်တော်တို့လည်း စာသင်ခန်းထဲမှာ နေ့တိုင်း သင်ယူနေရဆဲပါပဲ ဆရာ၊ ဆရာမတို့ရော Physics သင်တဲ့အခါ ဘယ်အရာက အခက်ခဲဆုံးလဲဗျာ? ကွန်မန့်မှာ အတွေ့အကြုံချင်း မျှဝေပေးသွားပါဦး။ _______________ YOUR ACADEMIC PARTNER - NEC
5