“Nexus Frontier Education Centre အတွင်းရှိ အများသူငှာ သိစေရန် ကြေညာခြင်း ”
NEF Education Centre သည် မိမိတို့တက်မြောက်ထားသည့် ပညာများအား ဝေမျှနိုင်စေရန် နှင့် မိမိတို့တက်ရောက်လိုသော ပညာရပ်များ သင်ယူနိုင်စေရန် ရည်ရွယ်၍ ပညာဒါန သင်တန်းကျောင်းအဖြစ် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
သို့သော် ထိုအကြောင်းအရာကို အခွင့်ကောင်းယူ၍ မိမိတို့၏ စိတ်အလိုလျောက် အတန်းချိန်များ ပျက်ကွက်ခြင်း၊ အတန်းချိန်များ မစတင်ရသည့် အခါတွင်တောင် Class Group ထဲမှ ထွက်ခြင်း အမျိုး"သော ကိစ္စရပ်များကျူးလွန်ကြပါသည်။
NEF Team သည် ပိုက်ဆံရလိုသည့်အတွက် အတန်းများအား ဖွင့်လှစ်ထားခြင်း မဟုတ်ပါ။
ပြင်ပသင်တန်းကျောင်းများ၌ သိန်းချီ အကုန်ချခံ၍ တက်ရလျှင် “ငွေတွေအများကြီးပေးထားရတာမို့ သင်တန်းကိုသေချာတက်ရမယ် ပြီးဆုံးအောင်တက်ရမည်" ဟု တွေးကြသည်။
ယခု ကျွန်မတို့၏ သင်တန်းကျောင်း၌ ပိုက်ဆံ တစ်ပြားတစ်ချက် မျှ မကုန်စေဘဲ သင်ကြားပေးနေသည်ကိုပင် အလကားသင်ကြားပေးသော ဆရာမကိုလည်း အားမနာသလို ကျွန်မတို့ကိုလည်းအားမနာဘဲ “ထွက်ချင်တိုင်းထွက်” သည့်လုပ်ရပ်ဟာ လွန်စွာ အကျည်းတန်လှပါသည်။
ကျောင်းသား/သူ တစ်ယောက် ထွက်လျှင် များစွာ အလုပ်ရှုပ်ရပါသည်။ လွယ်လွယ်ကူကူ ထွက်ပြီးပြီးရော လုပ်လို့ရသည် မဟုတ်ပါ။ မိမိတို့၏ အချိန်တွေကို လေးစားသလို ကျွန်မတို့၏ အချိန်များကိုလည်း လေးစားပေးဖို့ တိုက်တွန်းအပ်ပါသည်။
#Announce_NEF
#Nexus_Frontier_Team
#NEF@Nexus_Frontier
4August 10, 2026 252