English Vocabulary တွေကို ကျက်တယ်၊ မှတ်တယ်... ခဏနေရင် ပြန်မေ့သွားပြီး… — 𝖭𝖤𝖥 - 𝖭𝖾𝗑𝗎𝗌 𝖥𝗋𝗈𝗇𝗍𝗂𝖾𝗋 𝖤𝖽𝗎𝖼𝖺𝗍𝗂𝗈𝗇 𝖢𝖾𝗇𝗍𝗋𝖾 — TG.ME

English Vocabulary တွေကို ကျက်တယ်၊ မှတ်တယ်... ခဏနေရင် ပြန်မေ့သွားပြီး ဘာလို့မမှတ်မိတော့တာလဲ ❓

အဓိကပြဿနာက စကားလုံးတွေကို “ကျက်ရုံပဲကျက်ပြီး လက်တွေ့မသုံးလို့” ပါပဲ။

Vocabulary တစ်ခုရဲ့ Meaning ကို အလွတ်ကျက်ထားရုံနဲ့ စကားပြောတဲ့အခါ သဘာဝကျကျ ချက်ချင်းထွက်မလာနိုင်ပါဘူး။

ကျက်တာထက် “အသုံးပြုတာ” က ဘာလို့ပိုထိရောက်တာလဲ ❓

ဥပမာ “Get away from it all” ဆိုတဲ့ အသုံးအနှုန်းကို လေ့လာလိုက်တယ်ဆိုပါစို့။

Get away from it all
→ အမောပြေ ခေတ္တခဏ အပန်းဖြေခရီးထွက်သည်။

အဓိပ္ပာယ်ပဲ အလွတ်ကျက်ထားရင် စကားပြောတဲ့အခါ ဒါမှမဟုတ် စာရေးတဲ့အခါ ချက်ချင်းခေါင်းထဲ ပေါ်မလာတတ်ပါဘူး။

ဒါကြောင့် Vocab တွေလေ့လာပြီးတဲ့အခါတိုင်း ကိုယ်တိုင်၊ သို့မဟုတ် စာအုပ်ထဲချရေးပြီး exerciseလုပ်တာပဲဖြစ်ဖြစ် practice အနေနဲ့အသုံးပြုပြီး conversation တွေထဲမှာထည့်ပြီးအသုံးပြုနိုင်ပါတယ်။


Vocabulary for the day
❕

Topic : Travel and Tourism ✈️

▫️Get away from it all
(Go somewhere relaxing for a break)

▫️Go sightseeing
(Visit interesting buildings and places as a tourist)

▫️Once a lifetime
(Unique and unrepeatable)

▫️Feel homesick
(Be sad because you miss your home and family)

▫️Culture shock
(feeling of confusion or distress when visiting a different place or culture)

ဒီ vocabulary လေးတွေကိုအသုံးပြုကြည့်ပါ။ အစမ်းပြောကြည့်ပါ။ စာကြောင်းတွေရေးဖွဲ့ကြည့်ပါ။ ကျက်ခြင်းကိုရှောင်ကျဉ်ပြီး လေ့ကျင့်ခြင်းနဲ့မှတ်ခြင်းကိုသာဦးစားပေးပါ။ 💜🤍

Knowledge Sharing by
Tr. Maria — English Department


#NEF #English
#Language #Learning
#Method #Knowledge
💜9❤‍🔥3🤍3❤2
August 25, 2026 151 3 3